Tuesday, April 23, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Irkutsk Aviation Plant နှင့် Irkutsk မြို့အတွင်း ကြည့်ရှုလေ့လာ


Image may contain: one or more people, people standing, sky and outdoor

နေပြည်တော် ဧပြီ ၂၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံIrkutsk မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Irkutsk Aviation Plant ၌ လေယာဉ်များ ထုတ်လုပ်နေမှုအခြေအနေများကို သွား ရောက်ကြည့်ရှုလေ့လာသည်။



ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk Aviation Plant သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် Irkutsk Aviation Plant ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများက လေယာဉ်များ ထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။



လှည့်လည်ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံ အတွင်း လေယာဉ်များတပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် Irkutsk မြို့အတွင်းရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာ ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment