Monday, April 22, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Burya Tiya ပြည်နယ်ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲတက်ရောက်၊ ရဟတ်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု ကြည့်ရှုလေ့လာ


Image may contain: 9 people, people smiling, sky, outdoor and nature


နေပြည်တော် ဧပြီ ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အူလန်အူဒယ်မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ULAN-UDE Aviation Plant ၌ ရဟတ်ယာဉ်များ ထုတ်လုပ်နေမှုအခြေ အနေအား သွားရောက်ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် စက်ရုံ အတွင်း ရဟတ်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုပြီး စက်ရုံမှထုတ်လုပ်သည့် Mi 171 ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်း၍ အူလန်အူဒယ်မြို့ ရှုခင်း များအား ကြည့်ရှုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ သည် စုပေါင်းဓာတ်ပုံရိုက်ကြပြီး ULAN-UDE Aviation Plantအတွင်းရှိ သင်တန်းခန်းမများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်Burya Tiya ပြည်နယ်ဝန်ကြီးချုပ် Mr.Aleksey Sambuevich Tsidenov က တည်ခင်း ဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Burya Tiya ပြည်နယ်သည် စက်မှုလက်မှုလုပ်ငန်း များ ထွန်းကားပြီး လေယာဉ်၊ ရဟတ်ယာဉ်များအား အစအဆုံး ထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများတည်ရှိသည့် စက်မှု လုပ်ငန်းထွန်းကားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ရုရှားနိုင်ငံတွင်


ဗုဒ္ဓဘာသာကိုးကွယ်မှု ငါးရာခိုင်နှုန်းခန့်ရှိပြီး အဆိုပါ ပြည်နယ် အတွင်း လူဦးရေ ကိုးသိန်းရှစ်သောင်းကျော် နေထိုင်ကာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် ရုရှားနိုင်ငံ တွင် ဗုဒ္ဓဘာသာကိုးကွယ်မှု အများဆုံးပြည်နယ်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အူလန်အူဒယ်ဘူတာမှနေ၍ အီကုခ်မြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းကြပြီး ကမ္ဘာ့အနက်ဆုံးနှင့် အကြီးဆုံးရေချိုရေကန် Baikal ၏ သဘာ၀ပတ်ဝန်းကျင် နှင့် နယ်မြေဒေသအခြေအနေများအား ကြည့်ရှုလေ့လာ သည်။
အဆိုပါ Baikal ရေကန်သည် ရုရှားနိုင်ငံ အရှေ့ဆိုက်ဘေး ရီးယား၏ အရှေ့ဘက်Burya Tiya ပြည်နယ် နှင့် Irkutsk ဒေသနှစ်ခုအကြားတွင် တည်ရှိပြီး ကမ္ဘာ့အနက်ဆုံးနှင့်အကြီးဆုံး ရေချိုရေကန်တစ်ခုဖြစ်ကာ အလျား ၆၃၆ ကီလိုမီတာ၊ အနံ ၇၉ ဒသမ ၅ ကီလိုမီတာ စုစုပေါင်းအကျယ် ၃၁၇၂၂ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး အနက်ဆုံးနေရာမှာ ၁၆၄၂ မီတာထိ ရှိသည်။ ဆောင်းရာသီကာလတွင် အပေါ်ယံရေမျက်နှာပြင်ထု ၃ မီတာခန့်အထိ ရေခဲများဖြစ်ပေါ် လျက်ရှိပြီး ကန်၏ပတ်လည်ရှိ သဘာ၀သစ်တောများအား သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ထိန်းသိမ်းထားရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment