Saturday, April 6, 2019

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၂) သူရတပ်ခွဲ သင်တန်းဆင်းပွဲ ကျင်းပ

Image may contain: 3 people, people standing, shoes and outdoor

နေပြည်တော် ဧပြီ ၅

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၂) သူရတပ်ခွဲသင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်မြို့   တပ်မတော်(ကြည်း)ဗိုလ် သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး      မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ခွဲများ၏   အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲ များ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။

ငွေဓားဆု ချီးမြှင့်

ယင်းနောက်   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၂၂)သူရတပ်ခွဲမှ အကောင်းဆုံး       ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းဇင်ဝင်းအား ငွေဓားဆု ချီးမြှင့် သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတည်ဆောက်ရာတွင် တည်ငြိမ်ရေးနှင့် အေးချမ်းမှုရှိရန်လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်သည် ၂၀၁၉ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်လုပ်ဆောင် လျက်ရှိကြောင်း၊၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တ နေသော ထာ၀ရငြိမ်းချမ်းရေးကို  ပြည်သူ့ လက်ဝယ်သို့ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်းကိုလည်း ပြောကြား လိုကြောင်း။

ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်

မြန်မာ့တပ်မတော်၏   အစဉ်အလာ ကောင်းများကို  ဆက်လက်ထိန်းသိမ်းဆောင် ရွက်သွားကြရန်၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာစေရန်နှင့်   မိမိဘ၀ တိုးတက်အောင်မြင်ရန်အတွက် ခေါင်းဆောင် မှုအင်္ဂါရပ် ၁၆ ချက်နှင့်အညီ ကျင့်ကြံကြိုးစား လုပ်ဆောင်သွားကြရန်၊ မိမိနှင့် မိမိကွပ်ကဲ ခေါင်းဆောင်ရသည့် တပ်ဖွဲ့ကို စည်းကမ်း ဥပဒေနှင့်အညီ လိုက်နာနေထိုင်ပြီး အမိန့် နာခံမှုကောင်းမွန်နေအောင် လေ့ကျင့်ဆောင် ရွက်သွားကြရန်   တပ်မတော်၏ အဓိက လုပ်ငန်းကြီး သုံးရပ်ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်အတွက် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေရေး   အစဉ်လေ့ကျင့် သွားကြရန်၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်ကြရန်၊    "အနာဂတ်ရဲ့စစ် ခေါင်းဆောင်" ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်က အားကိုးရသည့် စစ်ခေါင်း ဆောင်များဖြစ်စေရန်အတွက် ကြုံတွေ့လာ နိုင်သည့် မည်သည့်အခက်အခဲကိုမဆိုရင်ဆိုင် ကျော်လွှားပြီး ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းကြောင်းပြောကြားသည်။

ထို့နောက်ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ     တပ်မတော်  အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာဧည့်ခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။    
  
တက်ရောက်ချီးမြှင့်

ညနေပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၂)  သူရတပ်ခွဲ၏ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ဗထူးတပ်မြို့    တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့် ထားရေးခန်းမဆောင်၌    ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကိုယ်စား   ဒုတိယ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

              သတင်းစဉ်

No comments:

Post a Comment