Monday, April 1, 2019

လက်ရှိသစ်တောနယ်မြေများ ထပ်မံလျော့ပါးမှု မရှိစေရေး မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်




နေပြည်တော် မတ် ၃၁
သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာနသည် သစ်တောများ ရေရှည်တည်တံ့ရေးနှင့် ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေး ကို ဦးတည်ပြီး    နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီ ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင် ရေး စီမံကိန်းသည်အရေးပါသည့် စီမံကိန်းတစ်ရပ်ဖြစ် သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး^ ပြည်နယ်အလိုက် အရေးပါသည့် ဦးစီးပဲ့ကိုင်များဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသည့်  လုပ်ငန်းများဖြစ်သော သစ်တောစိုက်ခင်း များတည်ထောင်ခြင်း၊ သဘာ၀တော တန်ဖိုးမြှင့် စိုက်ခင်းများတည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည် ပြုစုထိန်းသိမ်းခြင်းအစရှိသည့် ကနဦးလုပ်ငန်းများကို ဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း။
မြန်မာ့သစ်တောမူဝါဒကြေညာချက်နှင့်အညီ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ စုစုပေါင်း၏ ၃၀ရာခိုင်နှုန်း၊သဘာ၀နယ်မြေများကို နိုင်ငံ ဧရိယာ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နိုင်ငံဧရိယာအပေါ် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၃၁ ရာခိုင် နှုန်း၊  သဘာ၀နယ်မြေ ၇ ဒသမ ၈၁ ရာခိုင်နှုန်း ဖွဲ့စည်းနိုင်ခဲ့ ပြီး ထပ်မံဖွဲ့စည်းရန် ကျန်ရှိသည့် နိုင်ငံဧရိယာအပေါ် ကြိုး ဝိုင်း^ကြိုးပြင်ကာကွယ်တော ၄ ဒသမ ၆၉ ရာခိုင်နှုန်း နှင့် သဘာ၀နယ်မြေ ၅ ဒသမ ၈၃ ရာခိုင်နှုန်း  ပြည့်မီရေး အတွက် အလေးထားဆောင်ရွက်ကြရန်   မှာကြား လိုပါကြောင်း။
လက်ရှိသစ်တောနယ်မြေများ ထပ်မံလျော့ပါးမှု မရှိစေရေးအတွက် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ကြရန်လိုအပ်သလို ထပ်မံကျူးကျော်မှု များ မဖြစ်ပေါ်စေရန်    မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီတားဆီးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်း တို့ကိုဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း။
သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်း ပပျောက်စေရန် ကြိုးပမ်းလျက်ရှိရာ ပြည်သူပူးပေါင်း ပါဝင် မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System) ကို အသုံးပြုလာပြီး  သတင်းပေးဆုများ ကိုလည်း ထိုက်တန်စွာ ချီးမြှင့်လာနိုင်သည့်အတွက် တရား မဝင် သစ်တားဆီးရေးလုပ်ငန်းစဉ်များမှာ ပြည်သူတို့၏ပူးပေါင်းပါဝင်မှုအား တိုးတက်ရရှိလာသည်ကို တွေ့ရပါ ကြောင်း၊  ယခုအခါ တပ်မတော်၏အကူအညီကိုပါ ရယူ ဆောင်ရွက်လာနိုင်သည့်အတွက် ယခင်က လွှမ်းမိုးနိုင်ခြင်း မရှိသည့် ဧရိယာများတွင် တရားမဝင်သစ်တန်ပေါင်းများစွာ ဖမ်းဆီးလာနိုင်ခဲ့ပါကြောင်း၊            ဖမ်းဆီးနိုင်မှု မရှိဘဲ လွတ်မြောက်သွားသည့် တရားမဝင်သစ်တန် ပမာဏ အများအပြားရှိမည်ဖြစ်သည့်အတွက် ဝန်ထမ်းတွေအနေ ဖြင့် တရားမဝင်သစ်တားဆီးကာကွယ်ရေးကိစ္စသည် အလွန်ကြီးမားသည့် တာဝန်တစ်ရပ်ဖြစ်နေပါကြောင်း။
နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများသည် မြန်မာနိုင်ငံ၏ သစ်တောများ ရေရှည် တည်တံ့ရေးနှင့်ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးကို မြေပြင်တွင် လက်တွေ့ဖော်ဆောင်နေသည့် ဦးစီးဦးဆောင် များဖြစ်သလို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အဓိက စွမ်းဆောင်နိုင်သူများလည်း ဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီး^ ပြည်နယ်များ၏  သစ်တောကဏ္ဍကို အထောက်အကူပြုနိုင်မည့် အရေးပါသော ဆုံးဖြတ် ချက်များကို ဤအစည်းအဝေးမှရယူသွားနိုင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန် အထက်မှာမိမိမှာကြား ခဲ့သည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင် ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးကိစ္စ၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးကြိုးပမ်းချက်အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ဖြစ်သည့် သစ်တောနယ်မြေ နှင့် သဘာ၀ထိန်းသိမ်းရေးနယ်မြေများ ရည်မှန်းချက်ပြည့် မီအောင်တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိစ္စ၊ တရားမဝင်သစ်တားဆီး ရေးကို တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများကို ထဲထဲဝင်ဝင် ဆွေးနွေးကြရန်နှင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်က လက်အောက်အမှုထမ်းများ၏   စာရိတ္တမဏ္ဍိုင်ခိုင်မာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်  မှာကြားခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
အခမ်းအနားသို့  သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
သတင်းစဉ်


No comments:

Post a Comment