Wednesday, April 3, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ တရုတ်နိုင်ငံ ချင်းတောင်အရှေ့ပိုင်းရုပ်ရှင်မြို့တော်တွင် ကြည့်ရှုလေ့လာ


Image may contain: 1 person, standing, mountain and outdoor
ချင်းတောင် ဧပြီ ၂

ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်   ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်    ယနေ့ နံနက်ပိုင်းတွင်      တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန်းတုန်းပြည်နယ်        ချင်းတောင်မြို့ရှိ အရှေ့ပိုင်းရုပ်ရှင်မြို့တော်တွင် ကြည့်ရှုလေ့လာ ကြသည်။

ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီးနှင့်     အဖွဲ့သည် ချင်းတောင်မြို့  ပင်လယ်ကမ်းခြေ၊ လင်စမ်းဝင် ရုပ်ရှင်ထုတ်လုပ်ရေးဇုန်ရှိ  ချင်းတောင်  အရှေ့ ပိုင်းရုပ်ရှင်မြို့တော်  (Qingdao Oriental Movie Metropolis) သို့ ရောက်ရှိကြပြီး စတူဒီယိုအဆောက်အဦများအတွင်း Space Ship အပါအဝင် ရုပ်ရှင်ရိုက်ကူးရန်ပြင်ဆင် ထားရှိမှုများနှင့် ရေအောက်ရိုက်ကွင်းအတွက် ပြင်ဆင်ထားမှုကိုလည်းကောင်း၊     ပြင်ပ ရိုက်ကွင်းများနှင့်     ရေအောက်ဇာတ်စင် ရိုက်ကွင်းကိုလည်းကောင်း၊   Digital LAB အတွင်း Sound  System ဖြင့်   အသံ တည်းဖြတ်မှုကိုလည်းကောင်း၊   ချင်းတောင် ဆူးနပ်၊   ရုပ်ရှင်ရပ်ဝန်း  (Qingdao Sunac Movie Park) အတွင်းရှိ Cinema- X ရုပ်ရှင်ရုံတွင်   သုံးဖက်မြင် ၂၇၀  ဒီဂရီ ရုပ်ရှင် နမူနာပြသမှုကိုလည်းကောင်း၊    ဈေးဝယ် စင်တာ (Movie Market)ကိုလည်းကောင်း၊  စကိတ်ကွင်းနှင့်    ကလေးကစားရုံများကို လည်းကောင်း    လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   ချင်းတောင်မြို့မှ   လေကြောင်း ခရီးဖြင့်   ထွက်ခွာကြရာ   ညနေပိုင်းတွင် ပေကျင်းမြို့သို့  ရောက်ရှိကြသည်။

ချင်းတောင်  အရှေ့ပိုင်းရုပ်ရှင်မြို့တော် သည်   ၁၆၆   ဟက်တာ    (ဧက-၄၁၀) ကျယ်ဝန်းပြီး  ရုပ်ရှင်ထုတ်လုပ်ရေးဇုန်တွင်  အဆင့်မြင့်စတူဒီယိုအဆောက်အဦ ၃၀ ကို ၂၀၁၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့သည်။ စတူဒီယိုအဆောက်အဦ   ၁၀   လုံးမှာ ဆောက်လုပ်ဆဲဖြစ်ပြီး    ၅၂    လုံးအထိ ဆောက်လုပ်ရန်     ရည်မှန်းထားသည်။ ဆောက်လုပ်ပြီးစတူဒီယိုများကို ၂၀၁၈ ခုနှစ် ဧပြီ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းတွင် စတုရန်းမီတာ တစ်သောင်းကျော် ကျယ်ဝန်း သည့်  အဆောက်အဦတစ်လုံး  ပါဝင်ကာ ကမ္ဘာ့အကြီးဆုံးစတူဒီယိုအဖြစ်   မှတ်တမ်း ဝင်ထားသည်။

 Indoor, Outdoor ရိုက်ကူးနိုင်သည့် ရေအောက်စတူဒီယိုများလည်း   ပါဝင်ပြီး Outdoor ရိုက်ကွင်းများမှာ ဟက်တာ ၆၀ ကျယ်ဝန်းသည်။ ရုပ်ရှင်ရိုက်ကူးရေး အသုံး အဆောင်ပစ္စည်းများနှင့်   အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံများမှစ၍    တည်းဖြတ် ရေးလုပ်ငန်းနေရာများလည်း  ပါဝင်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်ပြီး အမေရိကန်နိုင်ငံမှ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ ကိုးခုနှင့် ဟောလိဝုဒ်ရုပ်ရှင် ၁၁ ကား ရိုက်ကူး ရန် စာချုပ်ချုပ်ဆိုထားသည်။

ချင်းတောင်  ရုပ်ရှင်မြို့တော်တွင် ရုပ်ရှင် ပြတိုက် ဟိုတယ်ဇုန်၊ ဈေးဝယ်စင်တာ၊ ပြဇာတ် ရုံ၊ နိုင်ငံတကာစာသင်ကျောင်း၊   လှေဆိပ်နှင့် ပန်းခြံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နည်းပညာအဆင့်မြင့်မားဆုံး    စတူဒီယိုများ ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ထုတ်လုပ် ရေးဇုန်နှင့် "အရှေ့ပိုင်းဟောလိဝုဒ်"ဟု တင်စား ထားသည်။ရုပ်ရှင်မြို့တော်တည်ထောင်နိုင်မှု ကြောင့်  တရုတ်နိုင်ငံ၏  ရုပ်ရှင်လုပ်ငန်းအရည် အသွေးတိုးတက်စေရန် ကူညီနိုင်သည့်အပြင် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု၊ ခရီးသွား လုပ်ငန်းများအတွက်လည်း အထောက်အပံ့ များ ရရှိနေကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment