Friday, April 19, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့ ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီးတို့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

 Image may contain: 11 people, people smiling, people standing, suit and indoor


နေပြည်တော် ဧပြီ ၁၈
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့သည် မြန်မာနိုင်ငံသို့ အလွတ်သဘောခရီး ရောက်ရှိ လည်ပတ်လျက်ရှိသော ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Vincent Meriton နှင့်ဇနီးMrs. Daniella Hoareau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ကြိုဆိုနှုတ်ဆက်
ညစာစားပွဲသို့ တက်ရောက်လာကြ သည့် ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် များကို ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း တို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး တို့သည် ဧည့်သည်တော် ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီးတို့နှင့်အတူ ညစာ အတူတကွ သုံးဆောင်ကြသည်။
တက်ရောက်
ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment