Saturday, April 6, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ပေကျင်းမြို့ရှိ ဒစ်ဂျစ်တယ်ရုပ်ရှင်လုပ်ငန်းများ ကြည့်ရှုလေ့လာ

Image may contain: 4 people, people standing
ပေကျင်း ဧပြီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ဒစ်ဂျစ်တယ်ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်မှုအခြေစိုက်စခန်းတို့ကို ကြည့်ရှုလေ့လာကြ သည်။
မေးမြန်းဆွေးနွေး
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် China Film Group ၌ ဒစ်ဂျစ်တယ်မြင်ကွင်းကျယ် စနစ် (China Film Giant Screen Format) ဖြင့် ရုပ်ရှင်ပြသမှုကို ဦးစွာကြည့်ရှုလေ့လာပြီး China Film Equipment Co.Ltd ၌ CFGS နည်းပညာတီထွင်၍ ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုမှု၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုနှင့် စရိတ်လျှော့ချနိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
တရုတ်ဒစ်ဂျစ်တယ်မြင်ကွင်းကျယ်စနစ် (CFGS) နည်းပညာကို တရုတ်နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံကြီးများ၏ နည်းပညာထိုးဖောက်မှုမှ ကာကွယ်နိုင်ရန်နှင့် နည်းပညာ ယှဉ်ပြိုင်နိုင်ရန်အတွက် သုတေသနပြုလုပ်၍ ထုတ်လုပ်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံရှိ ရုပ်ရှင်ပိတ်ကား ပေါင်း လေးသောင်းခန့်အနက် လေးရာနီးပါးတွင် အသုံးပြု နေပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့်အပြင် အမေရိကန်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများသို့လည်း ထိုးဖောက်နိုင်ပြီ ဖြစ်သည်။ ယခုအခါ IMAX ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်အပြိုင် DMAX ဟု ထင်ရှားလူသိများလျက်ရှိကြောင်း သိရသည်။
ကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ဟွိုင်လိုမြို့နယ် ရန်စန့် ဒေသရှိ တရုတ်ဒစ်ဂျစ်တယ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်မှုအခြေစိုက်စခန်း (State Production Base of The China Film Group) သို့ ရောက်ရှိကြပြီး Indoor , Outdoor ရိုက်ကူးနိုင်သည့် စတူဒီယိုများ၊ ဆက်တင်ပြင်ဆင်ပြုလုပ်နေမှုများ၊ အသံတု၊ နောက်ခံအသံ နှင့် အသံတည်းဖြတ်မှုလုပ်ငန်းများကို ကြည့်ရှုလေ့လာ ကြသည်။
နှစ်နှစ်ခွဲခန့် အချိန်ယူတည်ဆောက်ထား
အဆိုပါ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်မှုအခြေစိုက်စခန်း ကို တရုတ်ယွမ်ငွေသန်း ၂၀၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး Iညိသသမ ယ ဥကအိသသမ ရိုက်ကွင်းများပါဝင်သည့် စတူဒီယို ၁၆ ခု ပါဝင်ဖွဲ့စည်းကာ ဧရိယာစတုရန်းမီတာ ၅၀၀၀ အကျယ်အဝန်းတွင် နှစ်နှစ်ခွဲခန့် အချိန်ယူတည်ဆောက် ထားခြင်းဖြစ်သည်။
ယင်းကို ၂၀၁၈ ခုနှစ် ဩဂုတ်တွင် ဖွင့်လှစ်ခဲ့ပြီး ခေတ်မီရုပ်ရှင်ထုတ်လုပ်ရေး ကိရိယာများဖြင့် ပါဝင် တည်ဆောက်ကာ ပန်းခြံ၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တွဲဖက်တည်ဆောက်ထား သော အာရှတွင် အကြီးဆုံးရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်ရေး စခန်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ပေကျင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာ ရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်


No comments:

Post a Comment