Monday, April 8, 2019

ဗဟိုအဆင့် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနား(၂၀၁၉) ကျင်းပ

Image may contain: 4 people, people standing and indoor

နေပြည်တော်  ဧပြီ  ၇

ဗဟိုအဆင့်  ကမ္ဘာ့ကျန်းမာရေးနေ့   အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ရုံးအမှတ်(၄)  နေပြည်တော်၌ ကျင်းပသည်။

သီးသန့်အထူးပြု

အခမ်းအနား၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့် အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား စတင်တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ ကို  ဂုဏ်ပြု၍  နှစ်စဉ်  ဧပြီလ  ၇  ရက်နေ့တိုင်း   ကမ္ဘာ့ ကျန်းမာရေးနေ့အခမ်းအနား  ကျင်းပခြင်းဖြစ်ပါကြောင်း၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကုလသမဂ္ဂအဖွဲ့ကြီး၏  နိုင်ငံ တကာကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက်  သီးသန့် အထူးပြု၍  အခြေခံမူ(၉)ချက်နှင့်အဓိက လုပ်ငန်းစဉ် (၂၂)ရပ် ချမှတ်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊           
အဓိကလုပ်ငန်းစဉ်များနှင့်      ကိုက်ညီအကျုံးဝင်သော       ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက်လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများပေးလျက်ရှိရာ မိမိတို့နိုင်ငံမှလည်း ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ယခု (၂၀၁၉)ခုနှစ်  က္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်ဖြစ်သည့် "အရည် အသွေးပြည့်  ကျန်းမာရေး၊  လူတိုင်းရအောင်ဆောင်ရွက်ပေး"နှင့်အညီ အရည်အသွေးပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူတိုင်းသာတူညီမျှလက်လှမ်းမီရရှိရေးကို အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး^ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၏ အခန်းကဏ္ဍသည်  လွန်စွာအရေးကြီးပါကြောင်း၊   ထို့အပြင်   အရည်အသွေး ပြည့်၀သော   ကျန်းမာရေးစောင့်ရှောက်မှုကို     သွားလာရခက်ခဲသောဝေးလံ ခေါင်သီဒေသများအထိ နေရာဒေသတိုင်းရရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊  INGO/NGO  များ၊   လူထုအခြေပြုအဖွဲ့အစည်းများ၊   တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း များနှင့်     ဒေသခံပြည်သူများအားလုံး၏    ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဓိကသော့ချက်မှာ ဝန်ထမ်း အားလုံးသည် ပြည်သူ့အသံကို နားထောင်၍   ပြည်သူများဘက်မှစဉ်းစားပြီး လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊  တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့်လည်း မိမိတို့တာဝန်ကျရာ ရပ်ရွာ အတွင်း  ကျန်းမာရေးစကားဝိုင်းငယ်များပြုလုပ်ခြင်းတို့ဖြင့်  ပြည်သူ့အသံကို အလေးအနက်ထားနားထောင်၍ ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်      လုပ်ငန်းများ     ပိုမိုထိရောက် အောင်မြင်နိုင်ရေးအတွက် အားသာချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ဆန်းစစ်သုံးသပ်ခြင်းများကို ဆောင်ရွက်ရန်နှင့်  မိမိတို့နေရာဒေသ၊ လက်တွေ့ မြေပြင်အခြေအနေများနှင့်    ကိုက်ညီမည့်လုပ်ငန်းစဉ်များအဖြစ်    ချမှတ် ဆောင်ရွက်၍     လူတိုင်းသာတူညီမျှလက်လှမ်းမီရရှိရေး    ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။

ပြည်သူ့ကျန်းမာရေးကဏ္ဍဘက်မှသာမက      ကုသရေးကဏ္ဍမှလည်း တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများမှ သည်   နှီးနွှယ်ကျန်းမာရေးပညာရှင်များအထိ   အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် အရည်အသွေးပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုကို  ၂၀၃၀ ပြည့်နှစ်တွင်     လူတိုင်းသာတူညီမျှ   လက်လှမ်းမီရရှိရေးတူညီသောပန်းတိုင်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းလုပ်ကိုင်သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏သဝဏ်လွှာကို   မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ဖတ်ကြားသည်။
ထို့နောက် တာဝန်ရှိသူအသီးသီးက "တိုင်းဒေသကြီး/ပြည်နယ် တစ်ခု ချင်းစီမှ ကျန်းမာရေးလုပ်ငန်းများစွမ်းဆောင်ရည်ထူးချွန်စံပြ မြို့နယ်ဆေးရုံဆု၊ စံပြတိုက်နယ်ဆေးရုံဆုနှင့် စံပြမြို့နယ်ဆု"များကို   တာဝန်ရှိသူများက ချီးမြှင့် ပေးအပ်သည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်    တာဝန်ရှိသူများနှင့်အတူ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment