Saturday, March 2, 2019

မြောက်ကိုရီးယားခေါင်းဆောင်ကင်နှင့်
ဗီယက်နမ်သမ္မတ ငုယင်ဖုထရောင်တို့ တွေ့ဆုံ
Image may contain: 2 people, people standing and suit
ဟနွိုင်း မတ် ၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဗီယက်နမ် သမ္မတငုယင်ဖုထရောင်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
အစည်းအဝေးပွဲတက်ရောက်ပြီး ပြုံယမ်းသို့ ပြန်လည်မထွက်ခွာမီ ခေါင်းဆောင်ကင်သည် မတ် ၁ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်သမ္မတ ငုယင်ဖုထရောင်နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့သည်။
သမ္မတ ငုယင်ဖုထရောင်နှင့် ခေါင်းဆောင်ကင်တို့သည် သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး အထမြောက် အောင်မြင်စွာကျင်းပနိုင်ရန် ပံ့ပိုးကူညီမှု အတွက် ခေါင်းဆောင်ကင်က ဗီယက်နမ်သမ္မတ ငုယင် ဖုထရောင်အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ခေါင်းဆောင်ကင်သည် ဗီယက်နမ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ခေါင်းဆောင်ကင်သည် မတ် ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment