Saturday, March 2, 2019

ဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်
သတင်းပေးလျှင် ဆုငွေ ဒေါ်လာတစ်သန်းပေးမည်ဟု အမေရိကန် ထုတ်ပြန်
Image may contain: 1 person, beard, hat and closeup
ဝါရှင်တန် မတ် ၁
သေဆုံးသွားပြီဖြစ်သည့် အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်အား ဖမ်းဆီးရမိရေးအတွက် အကူအညီပေးနိုင်သူအား ဆုကြေး ငွေ အမေရိကန်ဒေါ်လာ တစ်သန်းချီးမြှင့်မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
တရားမျှတမှုအတွက် ဆုကြေးအစီအစဉ်အရ မည်သည့်နိုင်ငံတွင်မဆို ဟမ်ဇာဘင်လာဒင်ရှိရာအရပ်ကို ရှာဖွေကူညီပေးနိုင်ပါက ၄င်းဆုကြေးကိုပေးမည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြသည်။
၂၀၁၁ ခုနှစ် မေလအတွင်းက ပါကစ္စတန်နိုင်ငံတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း ၄င်း၏ဖခင် ဘင်လာဒင် သေဆုံးပြီးနောက်တွင် ဟမ်ဇာ ဘင်လာဒင်သည် အယ်လ်ခိုင်ဒါ အကြမ်းဖက်အုပ်စု၏ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဟမ်ဇာဘင်လာဒင် အား က္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ရွေးချယ် သတ်မှတ်ခဲ့သည်။ ゞင်းသည် အသံဖိုင်များနှင့် ဗီဒီယို ရုပ်သံဖိုင်များမှတစ်ဆင့် အမေရိကန်နှင့် မဟာမိတ်များ အား တိုက်ခိုက်ရန် ၄င်း၏ အကြမ်းဖက်ဂိုဏ်းသားများအား တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။ အင်န်အိတ်ခ်ျကေ

No comments:

Post a Comment