Thursday, March 28, 2019

(၇၄)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
Image may contain: 10 people, people standing
နေပြည်တော် မတ် ၂၇
၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၄)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်နှင့်ဇနီးတို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ (ယာပုံ)
ဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့အနုပညာရှင်များနှင့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း "နာရီ တစ်ရာ့တစ်ဆယ်"ဇာတ်လမ်းမှ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲအပြီးတွင် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးòန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအငြိမ့်အဖွဲ့၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများနှင့် မြန်မာသိုင်းအဖွဲ့ဝင်များက မြန်မာသံစုံတီးဝိုင်း၊ နိုင်ငံတကာသံစုံတီးဝိုင်းများ တီးမှုတ်၍ အဆို၊ အက ၊ မျက်လှည့်များဖြင့် သီဆိုဖျော်ဖြေကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment