Wednesday, March 6, 2019

ရခိုင်ပြည်နယ်အရေးကိစ္စကို ပါတီစွဲ၊ အယူစွဲ၊ ဒေသစွဲမထားဘဲ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေ

Image may contain: 1 person, beard
နေပြည်တော် မတ် ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် ၂ဝ၁၈-၂ဝ၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခြင်း၊ အစီရင်ခံစာ(၂)ခု ဖတ်ကြားခြင်းနှင့် အဆို(၁)ခု ဆွေးနွေး၍ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုသည့် ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ် ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေ၊ ဦးဆွေတင့်လွင်တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၈-၂ဝ၁၉ ခု၊ ဘဏ္ဍာ ရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေအား ဖြည့်ဆည်းရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် လိုငွေပြဘတ်ဂျက်ကို ရေးဆွဲအတည်ပြုပြီး ဖြစ်သည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာ မည့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ခန့်မှန်းချက်အတိုင်းငွေကျပ် ၁ဝ၁၆ ဒသမ ၈၁၈ ဘီလီယံအတွင်းလိုအပ်ပါက ချေးခွင့်ပြု ရန်တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အတိုင်း လိုအပ်သည့်ငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူပေးခြင်းအားဖြင့် အစိုးရအဖွဲ့ဘက်သို့ ထုတ်ချေး နိုင်ရန်အတွက် ဆက်လက်ခွင့်ပြုပေးရန် ထောက်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြ
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့်အဖွဲ့ တင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီက ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေမူကြမ်းအပေါ် စိစစ် သုံးသပ်ရာတွင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသော ပုဒ်မ များကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် ၏ အစိတ်အပိုင်း(၁)တွင် အရေးအကြီးဆုံးဖြစ်သည့် ''နိုင်ငံတော်ကို ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်'' ဟူသည့်အချက်နှင့် ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများမှ စတင်ပြင်ဆင်မှသာ ယခုပြင်ဆင်ရန် တင်သွင်း လာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည် ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ထိုသို့ဆီလျော်ညီညွတ်မှုရှိစေရန် ပြင်ဆင်ရန်လိုအပ်သည့်အတွက် ပုဒ်မ တစ်ခုချင်းစီကို သီးခြားပြင်ဆင်မည်ဆိုပါက ပြင်ဆင်သည့် ဥပဒေကြမ်းများ လွှတ်တော်သို့ အကြိမ်ကြိမ်တင်သွင်းဆောင်ရွက်ရန် လိုအပ်သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးအပေါ် သုံးသပ်ပြင်ဆင်သည့်အခါတွင် ယခုပြင်ဆင်ချက်တင်သွင်း ခဲ့သည့် ပုဒ်မ ၂၆၁ ကိုလည်း လေ့လာသုံးသပ်နိုင်မည့် အခြေအနေရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
အဆိုပါ ပူးပေါင်းကော်မတီ၏ အဆုံးသတ်တာဝန်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၁ အပါအဝင် ချိတ်ဆက်နေသည့် ပြင်ဆင်ချက်များ ပါဝင်လာနိုင်မည့်အပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီနှစ်ရပ်စလုံး ပူးပေါင်းပါဝင်ဖွဲ့စည်းရမည့် အလားတူ လေ့လာစိစစ်ရေးကော်မတီက စိစစ်လေ့လာရမည်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အထက်ဖော်ပြပါအချက်များအရ ပုဒ်မ ၂၆၁ တစ်ခုတည်းကို ပြင်ဆင်သည့် ဥပဒေတစ်ရပ်အဖြစ် လွှတ်တော်သို့ သီးခြား တင်သွင်းသည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင် ရေးပူးပေါင်းကော်မတီက ဆောင်ရွက်မည့် ပြင်ဆင်ရေးလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ခြင်းက စနစ်ကျနမှုရှိသည့်အပြင် ပိုမိုပြည့်စုံစွာ စိစစ် နိုင်မည်ဖြစ်သည့်အတွက် သင့်မြတ်လျော်ကန်မည်ဖြစ်ပါကြောင်းကို ကော်မတီ ဝင်အများစုမှ သဘောထားရရှိခဲ့ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၅၊ နည်းဥပဒေခွဲ(င)အရ ပူးပေါင်းကော်မတီဝင်များဖြစ်သည့် ဒေါ်နန်းနီနီအေး၊ ဦးဘရှိန်၊ ဦးကျော် ကျော်၊ ဗိုလ်မှူးချုပ်တင့်လွင်နှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့က လွှတ်တော်ဆိုင် ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဤဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြု ဆောင်ရွက်သင့်သည်ကို အဆိုပြုတင်ပြခဲ့ကြ ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင်အများစုက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပုဒ်မ ၂၆၁ တစ်ခု တည်းကိုသာ သီးခြားပြင်ဆင်ရန် တင်ပြလာခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကပင်မရေသောက်မြစ် ဥပဒေတစ်ရပ်ဖြစ် သဖြင့် နိဒါန်းမှစ၍ နောက်ဆက်တွဲဇယားများအထိ ပြဋ္ဌာန်းချက်များသည် တစ်ခုနှင့်တစ်ခု အစီအစဉ်တကျ တွဲဖက်ဖွဲ့စည်းထားခြင်းဖြစ်ပါ၍ ပုဒ်မတစ်ခု ချင်းစီကို သီးခြားတင်သွင်းပြင်ဆင်ရန် သင့်မြတ်မှုမရှိခြင်းကြောင့် လွှတ်တော် က အတည်ပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည့် ''ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ''၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်းထည့်သွင်းဆောင်ရွက်သင့် ကြောင်းနှင့် ကျန်ပူးပေါင်းကော်မတီဝင်(၅)ဦးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဤဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးအတည်ပြုဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့ကြသည်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉၊ ၁၃၅ တို့နှင့်အညီ အစီရင်ခံ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါ အစီရင်ခံ စာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
လောင်းကစားဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ထပ်မံဖတ်ကြားတင်ပြ
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လောင်းကစားဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ထပ်မံဖတ်ကြားတင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီသည် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက အသစ်ဖြည့်စွက်ရန် တင်ပြချက်နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၂၃ ပါ ပြဋ္ဌာန်းချက်တွင် အကျုံးဝင်ပြီးဖြစ်သဖြင့် အသစ်ဖြည့်စွက်ပြဋ္ဌာန်းရန်လိုအပ်ခြင်း မရှိပါကြောင်း နှင့် ဥပဒေကြမ်း၏ အပိုဒ် ၂၇ အား ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ထပ်မံ ပြင်ဆင်ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ၂ဝ၁၈ ခုနှစ်၊ လောင်းကစားဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီက ထပ်မံအစီရင်ခံ စာတင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ
ဆုံးဖြတ်ချက်အား တုံ့ပြန်သွားရေး စီမံဆောင်ရွက်သွားပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေး
ထို့နောက် ဇီးကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ထွန်းက ''OIC၊ EU နှင့်UNHRC တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက်အား ကုလသမဂ္ဂအထွေထွေညီလာခံ တွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အား အ$ကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးရေး ထောင်ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်းဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ နိုင်ငံသားအားလုံးပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်း ဖြင့် စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေး စီမံဆောင်ရွက် သွားပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက မိမိတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲနှင့် အစိုးရကြုံတွေ့နေရသည့် အ$ကျပ် အတည်းများကို ပြည်သူလူထုက နားလည်သိရှိသည်ဟု ယုံကြည်ပါကြောင်း၊ မလိုအပ်သေးသည့်အချိန်တွင်ဆောင်ရွက်ခြင်းသည် Public Awareness လုပ်ရာမရောက်ဘဲ အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်သွားမည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ ယခုအခြေအနေတွင် မိမိတို့၏ ပြည်သူများသည် ဘာသာရေး၊ လူမျိုးရေး အမုန်းစကားများ၊ ဝါဒမှိုင်းများ၊ သတင်းမှား သတင်းတုများကို ဖြန့်ဝေခြင်းမပြုမိစေရန် အရေးကြီးပါကြောင်း၊ ထိုအချက်များကို ရှောင်ရှားခြင်း အားဖြင့် နိုင်ငံတော်ကို ကူညီကာကွယ်ရာရောက်မည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စတွင် မှန်ကန်သည့် သတင်းအချက်အလက်များ နိုင်ငံတော်အကြီးအကဲများထံ အမြန်ဆုံးရောက်ရှိရန် လွန်စွာအရေးကြီးပါ ကြောင်း၊ ပြည်တွင်း ပြည်ပက ဓနအင်အားကြွယ်ဝနေသည့် မြန်မာနိုင်ငံသား ပုဂ္ဂိုလ်အဖွဲ့ အစည်းများအနေဖြင့် မိမိတို့နိုင်ငံ၏ အခြေအနေအမှန်ကို အစိုးရ တုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကမ္ဘာ့ပင်မ မီဒီယာရေစီးကြောင်း ထဲတွင် ရင်ပေါင်တန်းစီးဆင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရကို အကူအညီ ပေးရန် စိတ်စေတနာရှိကြမည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးသည်။
ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည် က လက်ရှိအခြေအနေတွင် UN အပါအဝင် နိုင်ငံတကာ၏ စွပ်စွဲထောက်ပြချက်များနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရခိုင်ဒေသပြဿနာတွင် တာဝန်ယူရမည့်သူသည် သီးခြားရှိနေသကဲ့ သို့ ဖြစ်နေပါကြောင်း၊ သို့သော် ရခိုင်ဒေသအရေးသည် ဒီမိုကရေစီကူး ပြောင်းရေးတွင် အလွန်အရေးကြီးသည့်အတွက် တာဝန်ယူထားသည့် အစိုးရ နှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် တစ်သွေးတစ်သံနှင့် အရေးကြီးချိန်တွင် သွေးစည်းကြရမည်မှာ ဧကန်မလွဲဖြစ်ပါကြောင်း၊ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ခိုင်မာစွာပေါ်ထွန်းလာရန် မဖြစ်မနေလုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ် များဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် အခြေခံဥပဒေပြင်ဆင်ရေး စသည့်ကဏ္ဍပေါင်းစုံတွင်လည်း ယခုကဲ့သို့ အစိုးရ၏ မှန်ကန်သော စေတနာနှင့် ဦးဆောင်မှုအောက်တွင် အဖွဲ့အစည်း အားလုံးရှေ့ဆက်၍ ညီညီညွတ်ညွတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးက လက်ရှိအစိုးရ အနေဖြင့် တစ်သားတည်းဖြစ် တစ်သံတည်းထွက်ဆိုသည့် ညီညွတ်ရေး စိတ်ဓာတ်ဖြင့် မိမိနိုင်ငံ၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်အခါရောက်နေပြီ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်မှုများသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ၏ ပြည်တွင်းရေးကိုစွက်ဖက်ခြင်းမပြုရဆိုသည့် ကုလသမဂ္ဂ ၏ မူများကို လုံးဝလျစ်လျူရှုနေသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ကာကွယ်ရန်အတွက် လွှတ်တော်ကလည်း သမိုင်းသင်ခန်းစာ မျိုးမဖြစ်စေရန် ထောက်ပြတွန်းအားပေးနေရန် လိုအပ်ပါကြောင်း၊FFM အဖွဲ့၏ အစီရင်ခံစာအပါအဝင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် များကို နိုင်ငံတော်အစိုးရ၏ မဟာဗျူဟာကျသည့် နည်းလမ်းများဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားနိုင်ရန်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် ရပ်တည်ကာကွယ်ရန် တင်ပြရင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခေါ်)ဦးနေမျိုး၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သ္တာ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမိုးမြင့်အောင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟန်သူ၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစိုင်းလုံစံခတ်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေ၊ ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဂျေယောဝူ၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန်(ခေါ်)မောင်တင် သစ်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတို့က ဆက်လက်ဆွေးနွေးကြ သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြန်လည်ရှင်းလင်းဆွေးနွေး ရာတွင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ကြရာတွင် အစိုးရနှင့်အတူ ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ လူထုလူတန်းစားအားလုံးသည် အစိုးရ၏ဆောင်ရွက်ချက်များတွင် အပြု သဘောနှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ညီညွတ်စွာဆောင်ရွက်ကြပါက အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုရှင်တိုက်တွန်း သွားသကဲ့သို့ ၄င်းတို့ဆင်ထားသည့် ထောင်ချောက်အတွင်း မဝင်မိစေရန် ဆိုသည်ကို အားလုံးက နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အပြုအမူ၊ အပြောအဆို၊ ဆောင်ရွက်မှုများသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု များ မဖြစ်ကြစေရန်လည်း အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာတွင် အဆိုရှင် အကြံပြုထားသည့်အတိုင်း ပါတီစွဲ၊ အယူစွဲ၊ ဒေသစွဲမထားဘဲ မတူကွဲပြားသည့် သဘောထားအမြင်များအားလုံးကို ထည့်သွင်းစဉ်းစားကာ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဦးထိပ်ထားလျက် မျှတပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး အောင်မြင်ရန်အတွက်လည်းကောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဦးဆောင်ကြိုးပမ်း အကောင်အထည် ဖော်နေသည့် လုပ်ငန်းစဉ်များတွင် ပြည်သူ ပြည်သားများအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပံ့ပိုးပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ မိမိတို့အစိုးရ အနေဖြင့် ရှုထောင့်အမြင်မျိုးစုံ၊ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး အဘက်ဘက်မှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် အဆိုကို မှတ်တမ်းတင်ရန်သာသင့်ပါကြောင်း အကြံပြုတင်ပြသည်။
ဆက်လက်၍ အဆိုရှင် ဦးဥာဏ်ထွန်းက မိမိတို့ နိုင်ငံသူနိုင်ငံသားအားလုံး တစ်သားတည်းဖြစ်၊ တစ်သံတည်းဖြစ်မည့် ညီညွတ်ရေးစိတ်ဓာတ်ဖြင့် ထိရောက်စွာ တုံ့ပြန်သွားရန်အတွက် အဆိုတွင် တင်ပြထားသည့် လုပ်ငန်းစဉ် များကို အတည်ပြုပေးရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုကို အတည် ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံ မဲ၂၁၉ မဲ၊ ကန့်ကွက်မဲ ၃၂၆မဲ၊ ကြားနေမဲ ၆ မဲ ဖြစ်၍ ကန့်ကွက်ဆန္ဒမဲများသဖြင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို မတ် ၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment