Monday, March 4, 2019

မဟာဗျူဟာစီမံကိန်းမှ အဓိကလုပ်ဆောင်သွားရမည့်လုပ်ငန်းစဉ် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်

Image may contain: 2 people, people standing, table and indoor
ရန်ကုန် မတ် ၃
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မဟာဗျူဟာစီမံကိန်း (၂ဝ၁၉-၂ဝ၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Pullman Hotel ၌ ကျင်းပသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍနယ်ပယ်အတွက် အဓိက အင်အားလက်ရုံးတစ်ခုဖြစ်သော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အနေဖြင့် ယခုကဲ့သို့သော ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် လမ်းပြမြေပုံသဖွယ်ဖြစ်သည့် ''မဟာဗျူဟာစီမံကိန်း''ကို ပထမဆုံးအကြိမ် အဖြစ် ချမှတ်ရေးဆွဲခဲ့ခြင်းသည် ကောင်းမွန်ပါကြောင်း၊ ရေးဆွဲထားရှိသော ''မဟာဗျူဟာစီမံကိန်း''မှ အဓိကလုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ် ဦးတည် ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သီးခြားတစ်သင်း တစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းဖြင့်မဟုတ်ဘဲ လုပ်ငန်းချင်း နှီးနွှယ်ဆက်စပ်လျက် ရှိသော အသင်းအဖွဲ့အားလုံး ချိတ်ဆက်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ် ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အောင်မြင်မှုရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ရန်ပုံငွေများကို ပိုမိုအကျိုးရှိစွာအသုံးချနိုင်မည်
ဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် ဌာနခွဲအသီးသီးအနေဖြင့် ရေးဆွဲအကောင် အထည်ဖော်လျက်ရှိသော မဟာဗျူဟာများ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များ လည်း ရှိသည်ဖြစ်သဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရေးဆွဲထားရှိ သော ''မဟာဗျူဟာစီမံကိန်း'' မှ လုပ်ငန်းများနှင့်ပတ်သက်၍ နှီးနွှယ်ဆက်စပ် လျက်ရှိသော ဌာနများ၊ စီမံချက်များ၊ အသင်းအဖွဲ့များအားလုံး ပါဝင်သော အစည်းအဝေးတစ်ခုပြုလုပ်ကာ ဆွေးနွေးညှိနှိုင်းစေလိုပါကြောင်း၊ ထိုသို့ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနှင့် ပထဝီနေရာဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုစသည်တို့၌ တစ်နေရာ တည်း၊ တစ်ခုတည်းတွင် အသင်းအဖွဲ့များမှ ထပ်ကာထပ်ကာဆောင်ရွက်နေမှုမျိုး ကို ရှောင်ကြဉ်နိုင်ပြီး လိုအပ်သောလုပ်ငန်းဆောင်ရွက်မှုနယ်ပယ်တွင် ပိုမို အားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ရန်ပုံငွေများကိုလည်း ပိုမိုအကျိုးရှိ ထိရောက်စွာ အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပြုစု ထုတ်ဝေထားသော Health Partner’s Profile (2018) တွင်လည်းINGO/ NGO များ၊ အသင်းအဖွဲ့များမှ လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်း ဆောင်ရွက်မှု နေရာဒေသအလိုက် ဆောင်ရွက်နေမှုများပါဝင်ပါကြောင်း။
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့်လည်း ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပိုမိုလက်တွဲဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း။
အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်သော စိတ်ဓာတ်၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုစသည့် စိတ်ဓာတ်ကောင်း များကိုအခြေခံကာ လုပ်ငန်းများဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအပါအဝင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့များ ပိုမိုတိုးတက်အောင်မြင်ခြင်းဖြင့် ပြည်သူများကျန်းမာရေးအတွက် များစွာအကျိုးရှိမည် ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုသည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ပါမောက္ခ ဒေါက်တာ နေဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်းနှင့် ပြည်သူ့ကျန်းမာ ရေး ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment