Tuesday, March 5, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

Image may contain: 3 people, people sitting and indoor

နေပြည်တော် မတ် ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စု လွှတ်တော်D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုး၊ တွဲဖက် အတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ပူးပေါင်း ကော်မတီဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment