Thursday, February 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့်
ဘရူနိုင်း- မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်
Image may contain: 1 person, standing, sitting, wedding and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာသံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော် တင့်ဆွေ၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ သံအမတ်ကြီး H.E.
Pehin Dato Abdu'r Rahmani
Dato Basir နှင့်ဇနီး၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံ ပွဲ အခမ်းအနားကျင်းပမည့်Kempinski Hotel သို့ ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ သံအမတ်ကြီး H.E.
Pehin Dato Abdu'r Rahmani
Dato Basirနှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ် ကြီး H.E.Pehin Dato Abdu'r
Rahmani Dato Basir နှင့်ဇနီး တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှတ် တရ ပန်းစည်းပေးအပ်သည်။
လက်မှတ်ရေးထိုး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့ နှင့် ဘရူနိုင်း - မြန်မာ သံတမန် ဆက်သွယ်မှု (၂၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကို ကျင်းပရာ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်အလေးပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ် ကြီး H.E.Pehin Dato Abdu'r
Rahmani Dato Basirက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန်ဆက်သွယ် မှု (၂၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အထိမ်းအမှတ် နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။ သတင်းစဉ်

No comments:

Post a Comment