သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ
လွတ်လပ်မှုနှင့် တာဝန်ခံမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
လွတ်လပ်မှုနှင့် တာဝန်ခံမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံ နှင့် အသိပညာများ တိုးပွားလာစေရန်၊ သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေး ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ခံမှုတို့နှင့် ပတ်သက်၍ အသိအမြင်၊ ဗဟုသုတ များ ကျယ်ပြန့်လာစေရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အတွေးအခေါ် များ မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် International
Institute For Democracy and
Electoral Assistance (IDEA) တို့ပူးပေါင်း၍ "သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် တာဝန်ခံမှု" အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အမှာစကားပြောကြား
အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက အဖွင့် အမှာစကား ပြောကြားပြီှးုInternational IDEA မှ ဌာနေ ကိုယ်စားလှယ် Mr. Mark Mc
Dowell က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
Dowell က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ အီဒင်ဘရာတက္ကသိုလ် ဥပဒေပညာဌာနမှ ကထိက၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အီဒင်ဘရာ စင်တာ၏ ညွှန်ကြားရေးမှူး Dr.
Asanga Welikala က သီရိလင်္ကာ နိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် တာဝန်ခံမှုခေါင်းစဉ် ဖြင့် ဆွေးနွေးသည်။ ဆွေးနွေးချက်များ နှင့်ပတ်သက်၍ တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူး တင်စကား ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးခင်မောင်ချို၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယòန်ကြားရေးမှူး ချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာ ထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment