Friday, February 22, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ချင်းပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
Image may contain: 8 people, people standing
ဟားခါး ဖေဖော်ဝါရီ ၂၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တာဝန်ရှိသည့်ပုဂ္ဂိုလ်အားလုံး က တက်ညီလက်ညီ သန္နိဋ္ဌာန်ချ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့ တစ်ဖွဲ့တည်းဖြင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်မည် မဟုတ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီး တွင်လည်း တာဝန်ရှိကြပါကြောင်း။
အခွင့်အလမ်းကောင်းဖြစ်
မိမိတို့နိုင်ငံသည် ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို စတင်၍ခြေလှမ်းနေကြခြင်း ဖြစ်ပါကြောင်း၊ တချို့မှာ ပြုပြင် ပြောင်းလဲရေးအတွက် စိုးရိမ်ခြင်းများ ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး သည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် အခွင့်အခါ ကောင်း၊ အခွင့်အလမ်းကောင်းဖြစ် သည်ကို ဌာနဆိုင်ရာအသီးသီးက သိရှိစေလိုပါကြောင်း။
တက်ညီလက်ညီပြောင်းလဲ
အများအားဖြင့် နိုင်ငံသူ နိုင်ငံသား များ ထင်မြင်ကြသည်မှာ အစိုးရအဖွဲ့ ပြောင်းပါက ပြုပြင်ပြောင်းလဲမှုဖြစ် သည်ဟု ထင်ကြပါကြောင်း၊ အမှန် တကယ်မှာ အစိုးရအဖွဲ့ ပြုပြင် ပြောင်းလဲခြင်း ပြုလုပ်ရုံသာမက အဆင့်ဆင့်သော ဌာနဆိုင်ရာ အဖွဲ့ အစည်းအသီးသီးက လိုက်ပါ
ရှေ့ဖုံးမှ
ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသား များကလည်း မိမိတို့၏ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ် များ၊ ခံယူချက်များကို ပြောင်းလဲနိုင်မှ ပြုပြင်ပြောင်းလဲမှုဖြစ် ပါကြောင်း၊ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်နှင့် ကျန်သည့်ဌာနဆိုင်ရာအားလုံး တက်ညီလက်ညီ ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း။
အခွင့်အရေးများရရှိရန်ဆောင်ရွက်
ဒီမိုကရေစီတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သာတူ ညီမျှမှုများ ရှိပါကြောင်း၊ ဒီမိုကရေစီသည် နိုင်ငံသူနိုင်ငံသား များအတွက် လုံခြုံစိတ်ချမှုရှိသည့်အပြင် ပျော်ရွှင်ချမ်းမြေ့ စေမှု စသည့်အခွင့်အရေးများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံ သည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများအားလုံးမပါဘဲ ပြည်ထောင်စုဟုပြော၍ မရပါ ကြောင်း၊ တိုင်းရင်းသားများအားလုံး ပါဝင်မှသာ ပြည်ထောင်စုဟု ပြောနိုင်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ များအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများရရှိရန်၊ ဖက်ဒရယ် အခွင့်အရေးများရရှိရန်၊ ဒီမိုကရေစီ အခွင့် အရေးများရရှိရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှ ခြင်း အခွင့်အရေးများရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အုပ်ချုပ် ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ် သည် အဓိကကျပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့ နိုင်ငံသူနိုင်ငံသားများအပေါ် တရားဥပဒေစိုးမိုးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသား များ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုပေး သည့် စီမံခန့်ခွဲသည့် ယ္တရားတစ်ခု ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်မှုမျိုး မဖြစ်စေလိုပါကြောင်း။
ကိုယ်ချင်းစာတရားနှင့်အညီ ဆောင်ရွက်ပေးစေလို
ယင်းသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ ရည်ရွယ်ချက်များဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးအနေဖြင့် တရားမျှတ၍ ကိုယ်ချင်းစာတရားနှင့် အညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းဖြစ်မှသာ ဒီမိုကရေစီတည်တံ့ခိုင်မြဲမည် ဖြစ်ပါကြောင်း။
ထို့အတူ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း တရား မျှတသည့် ဥပဒေများဖြစ်စေရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားမည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်များ ပါဝင်သည့် ဥပဒေပြုရေးဖြစ်စေရန်၊ ဖက်ဒရယ်စနစ်များ ပါဝင်သည့် ဥပဒေပြုရေးဖြစ်စေရန် ဥပဒေပြုရေးမဏ္ဍိုင် က ပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွက် လိုအပ်သည့်ဥပဒေများကို မှန်မှန်ကန်ကန် ပြဋ္ဌာန်းပေးနိုင်မှ သာ အဆိုပါဥပဒေနှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်က အုပ်ချုပ်မည်ဖြစ်ပါကြောင်း၊ ယခင်ဥပဒေအတိုင်းသာ တည်ရှိနေပါက စီမံခန့်ခွဲသည့် အုပ်ချုပ်ရေးအပိုင်းတွင် လည်း ယခင်အတိုင်းပင်ဖြစ်နေမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ ဟန်ချက် ညီရန် ဂရုစိုက်စေလိုပါကြောင်း။
လူ့အခွင့်အရေးအသီးအပွင့်များကိုခံစား
တရားစီရင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ လွတ်လပ်သော တရားစီရင်ရေးဖြစ်ရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က)အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ တစ်ခုနှင့်တစ်ခု ဝင်စွက်ဖက်၍ မရပါကြောင်း၊ တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဆောင်ရွက်ချက် မှန်ကန်မှု၊ မျှတမှု ရှိ၊ မရှိကိုသာ အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းက အပြန်အလှန် ထိန်းကျောင်းပေးရမည်သာဖြစ်ပါကြောင်း။
အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲသည့် ပေါ်လစီကို အကောင်အထည်ဖော်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် အဓိကကျပြီး အကောင်အထည်ဖော် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် နှင့် အနာဂတ်မျိုးဆက်သစ်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး အသီးအပွင့်များကို ခံစားနိုင်အောင် လက်တွေ့ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း။
ခြိုးခြိုးခြံခြံဖြင့် စနစ်တကျသုံးစွဲ
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် တာဝန် အပေါ် ကျေပွန်စွာတာဝန်ထမ်းဆောင်ရန် လိုအပ်ပြီး ပြည်သူကိုဗဟိုပြုသည့် ဝန်ဆောင်မှု ကောင်းကောင်း ပေးရမည်ဖြစ်ကြောင်း၊ အခြေခံစိတ်ထားမှာ ပြည်သူက မိမိတို့ကို နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပြည်သူ့အခွန် ဘဏ္ဍာများနှင့် လစဉ်ချီးမြှင့်ငွေ ပေးထားခြင်းဖြစ်သည်ဟု သဘောပေါက်ရန် လိုအပ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိ၍ နိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိကာ ပြဋ္ဌာန်းထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ ထိုသို့ လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ တိုးပွား လာပါက နိုင်ငံလည်းကောင်းမည်ဖြစ်ပါကြောင်း။
ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းတစ်ခု ဖော်ဆောင် မည်ဆိုပါက ယင်းစီမံကိန်းသည် မိမိဒေသအတွက် အကျိုး ရှိ၊ မရှိနှင့် အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ၊ စီမံကိန်း ဖြစ်နိုင် ခြေ ရှိ၊ မရှိတို့ကို စဉ်းစားတွက်ချက် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ထိုသို့ စဉ်းစားရာတွင် လွှတ်တော်ပိုင်းက စီမံကိန်းတစ်ခု၏ ငွေကြေးကုန်ကျမှု၊ ဒေသပေါက်ဈေး စသည်တို့ကို စစ်ဆေးရမည့်အပြင် စာရင်းစစ်အပိုင်းက လည်း ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊ မိမိတို့အမှန်တကယ် လိုအပ်၍ လုပ်ဆောင်ရပါက အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ရမည့်အပြင် အမှန်တကယ် ကုန်ကျစရိတ်မှ ပိုလျှံသည်များကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်ဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရာ၌ ခြိုးခြိုးခြံခြံဖြင့် စနစ်တကျ သုံးစွဲရမည် ဖြစ်ပါကြောင်း။
တိတိကျကျ အရေးယူသွားမည်
မူးယစ်ဆေးဝါးပြဿနာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများတွင် တချို့က မသိချင်ယောင် ဆောင်၍ မျက်နှာလွှဲထားသည်များရှိပါကြောင်း၊ ဖမ်းဆီး ရမည်ကို မဖမ်းဆီးဘဲထားခြင်း၊ အရေးယူရမည်ကို အရေး မယူဘဲထားခြင်း စသည့်ကိစ္စများ တွေ့ရှိလာပါက တိတိ ကျကျ အရေးယူသွားမည်ဖြစ်ပါကြောင်း။
တရားစီရင်ရေးကို ပြန်လည်တည့်မတ်ရမည်ဖြစ်ပါ ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲ မည်ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး တရား ဥပဒေရှေ့မှောက်၌ ညီတူညီမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တရားဥပဒေ၏ အရိပ်အာဝါသကို နိုင်ငံသူ နိုင်ငံ သားတိုင်း ခံစားရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု ရှိမှသာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးများသည် ချိတ်ဆက် နေပါကြောင်း၊ တစ်ခုချိုးဖောက်လျှင် အခြားတစ်ခုလည်း ချိုးဖောက်ခံရမည် ဖြစ်ပါကြောင်း။
မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်
နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတစ်ခု၊ မူဝါဒတစ်ခုချမှတ် ပါက ပြည်နယ်အစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ် မည်မျှ ပြီးစီးသည်ကို မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်သွား ရန်နှင့် လုပ်ငန်းစဉ်၏ လိုအပ်ချက်များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ပြုပြင်ခြင်း၊ òွှန်ပြသင့်သည်များကို òန်ပြခြင်းများ၊ ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက
လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဦးဝင်းမြင့်ကျော်က တရားလွှတ်တော်ရေးရာ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
လိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသား များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေး နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မဖွံ့ဖြိုးသေးသည့် ဒေသများ နှင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ရှင်းလင်းတင်ပြ
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် (ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက် ရေးစီမံကိန်းသို့ ရောက်ရှိကြရာ လေကြောင်းပို့ဆောင်ရေး òန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် òန်ကြားရေးမှူး ဦးကျော်စိုးတို့က (ဆူရ်ဘုန်) လေယာဉ် ကွင်းဆိုင်ရာ အချက်အလက်များ၊ မြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု၊ အရည်အသွေးကောင်းမွန်စေရန် ကြီးကြပ် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များကို ဦးစားပေးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ယခု တည်ဆောက်လျက်ရှိသည့် (ဆူရ်ဘုန်) လေယာဉ်ကွင်း မှာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးအ္တရာယ်ကင်းရှင်း ရေးနှင့် သတ်မှတ်ချိန်အတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီး စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဖလမ်းမြို့နယ် (ဆူရ်ဘုန်) လေယာဉ်ကွင်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေဖြတ်ခြင်းနှင့် တောင်ဖြိုခြင်းလုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့နှင့် မြေထိန်းနံရံ တည်ဆောက် လျက်ရှိသည့်နေရာများကို လှည့်လည်ကြည့်ရှုသည်။
ဖလမ်းမြို့နယ် (ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ခြင်းဖြင့် တောင်တန်းထူထပ်ပေါများသော ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာ ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးကိစ္စများ၊ စီးပွားရေး၊ ကုန်သွယ် ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် (ဆူရ်ဘုန်)လေယာဉ်ကွင်းမှ ကလေးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိ ကြသည်။
သတင်းစဉ်

No comments:

Post a Comment