Sunday, February 3, 2019

၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေအား တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ
Image may contain: 6 people, people sitting and table
နေပြည်တော် ဖေဖော်ဝါရီ ၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံ များ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွား ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စီမံဆောင်ရွက်လျက်ရှိ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေ (Electrifi cation Ratio)အား တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေသကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ် အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ် သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ တစ်နိုင်ငံ လုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၅၈၆ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့် ဆုံး ဓာတ်အားသုံးစွဲမှုမှာ ၁၅၄၃ ဒသမ ၂၃ မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်း၊ ထို့ပြင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်း ဒေသကြီး ကို Electrification Ratioရာနှုန်းပြည့်သုံးစွဲနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်များသို့ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင် အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အား လိုင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန်လို ကြောင်း၊ မိမိတို့ မြို့နယ်များအလိုက် ဖြစ်ပေါ်နေ သည့် ပကတိအခြေအနေများကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ် နည်းပညာ အရပေါင်းစပ်ပြုပြင်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး ကြရန်လိုကြောင်း ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လျှပ်စစ် မန်နေဂျာများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုး တက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့က ဖြည့်စွက်တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရိုင်များအတွင်းရှိ ခွဲရုံအသီးသီး၏ ဓာတ်အားလိုင်း များအခြေအနေ၊ ခွဲရုံများရှိထရန်စဖော်မာများ၏ ဝန်အားနှင့် ဓာတ်အားသုံးစွဲမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက် ဆွေးနွေးတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးများ၌ တင်ပြခဲ့ သည့်မြို့နယ်အလိုက်ဓာတ်အားပျောက်ဆုံးမှုနှင့် ယခုအစည်းအဝေး၌ တင်ပြသည့် ဓာတ်အား ပျောက်ဆုံးမှုများကို နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းသွားမှုများရှိသော်လည်း မိမိတို့၏ ရည်မှန်း ချက်ပြည့် မီအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment