Sunday, February 3, 2019

တပ်ကုန်းမြို့နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း များနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့ငွေများ ပေးအပ်
Image may contain: 16 people, people smiling, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စု နယ်မြေ တပ်ကုန်းမြို့ နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း များနှင့် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ကူညီထောက်ပံ့ပေးလျက်ရှိ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်း မြို့နယ် ကျောက်စရစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိကြပြီး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ တာဝန်ရှိသူများ၊ ကျောက်စရစ်ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေရိပ်သာကျေးရွာမှ မိခင်ဝိုင်းဖွင့်လှစ်မည့် တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံ ရာတွင် ပြည်ထောင်စုဝန်ကြီးက "နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထား ရေးဝန်ကြီး ဌာနအနေဖြင့် လူမှုဘ၀ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအ္တရာယ်များ ကြောင့် ထိခိုက်ဆုံး ရှုံးမှုများအတွက် အမြန်ပြန်လည် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော် ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဋိသန္ဓေတည်စမှ သက်ကြီးရွယ်အိုအထိ လူသားဘ၀ ဖြစ်စဉ်အဆင့်ဆင့်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန် ဖွံ့ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ်များ၊ လူငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ စသည်ဖြင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်အောင် လူမှုကာကွယ်စောင့် ရှောက် ရေးနည်းလမ်းများဖြင့် ကူညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ပြည်သူလိုအပ်ချက်အားလုံးကို ပြည့်ပြည့်၀၀ မဖြည့်ဆည်းနိုင်သေးသော်လည်း မျှတစွာ ရရှိခံစား စေရန်နှင့် လိုအပ်နေသောပြည်သူများ အမှန်တကယ်အကျိုးရှိစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပရဟိတလုပ်ငန်းဆိုသည်မှာ ကိုယ်ကျိုးအနစ်နာခံပြီး အချိန်ပေးရ သောအလုပ်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများကိုလည်း ကျေးဇူး တင်အသိ အမှတ်ပြုပါကြောင်း၊ မိခင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာတိုင်းတွင် ဖွင့်လှစ်နိုင် ရေးကိုလည်း မျှော်မှန်းထားပါကြောင်းနှင့် သက်ကြီးရွယ်အိုများကို လစဉ်ပင်စင်၊ ကိုယ်ဝန် ဆောင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ မှုအစီအစဉ် များကို လည်း နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်၍ ဆက်လက်တိုးမြှင့် ထောက်ပံ့ဆောင်ရွက် မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
လက်ခံရယူ
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကျောက်စရစ်ကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေ ဟာ အတွက် ထောက်ပံ့ငွေကျပ် ၉၃၄၂၀၀ဝကျပ်၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖြစ်သော ဒဟတ်ကုန်းမူကြို၊ အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံမူကြို၊ အမှတ်(၄)ကာကွယ်ရေး ပစ္စည်းစက်ရုံမူကြို၊ တပ်မတော်ဆေး သုတေသနတပ်မူကြို၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမူကြို၊ အမှတ်(၂၀၃၂) လေကြောင်းရန်ကာကွယ်ရေးတပ်မူကြို တို့အတွက် ထောက်ပံ့ငွေကျပ်ကျပ် ၃၆ သိန်း၊ ကျောက်စရစ် ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေရိပ်သာကျေးရွာများ တွင် ဖွင့်လှစ်မည့် မိခင်ဝိုင်း သုံးဝိုင်းအတွက် ထောက်ပံ့ငွေကျပ်ကျပ် ၉၇၈၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် အေးမေ တ္တာစံ ပရဟိတဂေဟာများသို့ ဝင်ရောက်ပြီး ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေနှင့် နေ့စဉ် ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး မုန့်နှင့်အရုပ်များ ပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment