Friday, February 1, 2019

ပို့ကုန်မြှင့်တင်ရေးကို အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိ
Image may contain: 2 people, indoor
နေပြည်တော် ဇန်နဝါရီ ၃၁
ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထူးအဖွဲ့အနေဖြင့် နိုင်ငံ၏ ပို့ကုန်များနှင့် ကုန်သွယ်မှု လုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားရေးတွင် ပို့ကုန်သည် အဓိကကျ သကဲ့သို့ သွင်းကုန် သည်လည်း အရေးကြီးပါကြောင်း၊ ပို့ကုန်တင်ပို့မှုတွင် တိုးတက်လျက်ရှိသကဲ့သို့ သွင်းကုန်တင်သွင်းမှုတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကြမ်းပစ္စည်းတင်သွင်းမှု၊ နည်းပညာနှင့် အခြေခံအ ဆောက်အအုံအတွက် ကုန်ပစ္စည်းများတင်သွင်း မှုတို့ကို တိုးမြှင့်တင်သွင်းနေပါကြောင်း၊ ခရီးသွားကဏ္ဍအတွက် စားသောက်ကုန်များ၊ လူသုံးကုန်များ ပိုမိုတင်သွင်း နေရကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုပမာဏတွင် သွင်းကုန်က ပိုမိုများပြားနေပါကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံ များ၏ စီးပွားရေးမူဝါဒများကိုလိုက်၍ နိုင်ငံ၏ ထုတ်လုပ် မှုနှင့် ကုန်သွယ်မှုကိုထိခိုက်မှုရှိတတ်ကြောင်း၊ ကုန်သွယ် ရေး၊ စီးပွားရေးနှင့်စပ်လျဉ်းပြီး ဖြေလျှော့မှု များကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ တတ်စွမ်းသမျှ ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပို့ကုန်မြှင့် တင်ရေးကို အထူးဂရု စိုက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက အမျိုးသား ပို့ကုန် မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍအဖြစ် ပါဝင်သော ဆန်စပါးကဏ္ဍ၊ ထပ်မံဖြည့်စွက်မည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ အခြားပို့ကုန်တွင် အားထားရ သည့် ပြောင်းသီးနှံကဏ္ဍများနှင့်စပ်လျဉ်း၍ လုပ်ငန်းစီမံချက်များချမှတ်နိုင်ရေး ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ဆန်တင်ပို့မှုအား တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးကြရန်လိုအပ်ပါကြောင်း၊ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက် တင်ပို့မှုကဏ္ဍ၌ တိုးတက်မှုများ သိသာစွာတွေ့မြင်နိုင်ပါ ကြောင်း၊ ပြောင်းတင်ပို့မှု သည်လည်း တိုးတက်နေသည့် အပြင် ပြည်တွင်းမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ် သဖြင့် ဈေးကွက်တိုးချဲ့ရေးသည် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များက ပို့ကုန် တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် ဆောင် ရွက်ရမည့်အချက်များ၊ စိန်ခေါ်မှုများ၊ အားသာ ချက်များ နှင့် အားနည်းချက်များကို ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်

No comments:

Post a Comment