Saturday, February 2, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 2 people, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် က္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-က္ဘောဒီးယား နှစ်နိုင်ငံပူးတွဲ ကော်မရှင်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှု အခြေအနေ၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ် ရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး၊ အခွန် နှစ်ထပ်ကင်းလွတ်ခွင့်ပြုရေး၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် နိုင်ရေး၊ မ္တလေးမြို့နှင့် ဆီရမ်ရိမြို့တို့အကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင် ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် က္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ က္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr. Sok Chea လည်း တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment