Wednesday, February 6, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံ

Image may contain: one or more people, people sitting, table and indoor

နေပြည်တော် ဖေဖော်ဝါရီ ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် တူးမိုင်နှင့်အဖွဲ့ဝင်များ၊ ရိုမန်ကက်သလစ်အသင်းမှ ဘုန်းတော်ကြီး ဖရန့်စစ်ဒေါ့တန်နှင့် ဘုန်းတော်ကြီး များ တက်ရောက်ကြသည်။
အပြန်အလှန် ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် စစ်ဘေးရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စေလိုသည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်ကို ဝမ်းမြောက်စွာကြိုဆိုမှုနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု အခြေ အနေများနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ ခေါင်းဆောင်များကလည်း ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်မှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရင်းရင်းနှီးနှီး အပြန်အလှန်ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်း ခရစ်ယာန်နှင့် ကက်သလစ်အသင်းမှ ဘုန်းတော်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့်ကလေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ကြသည်။
စားသောက်ဖွယ်ရာများပေးအပ်
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံများတွင် ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးသည် အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
အကြံပြုပြောကြား
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗန်းမော်မြို့ရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံပြည်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်နှင့် ရရှိနေသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကုန်ချောများ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တိုက်တွန်း ဆောင်ရွက်စေလိုသည့်အခြေအနေများကို အကြံပြုပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

သတင်းစဉ်

No comments:

Post a Comment