Sunday, February 24, 2019

မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့် မီးယပ်ပညာအဖွဲ့၏ (၁၃) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: 2 people, indoor

ရန်ကုန်   ဖေဖော်ဝါရီ   ၂၃
Asia  and Oceania Federation of Obstetrics  and  Gynaecology   မှ  ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယားနှင့်အိန်္ဒိယနိုင်ငံတို့မှ သားဖွားနှင့် မီးယပ်ပညာရှင်ကြီးများ၊ မြန်မာနိုင်ငံမှ သားဖွားနှင့် မီးယပ်ပညာရှင်ကြီးများ ပညာရပ်ဆိုင်ရာဟောပြော ဆွေးနွေးဖလှယ်ကြမည့် ““မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သားဖွားနှင့် မီးယပ်ပညာအဖွဲ့၏ (၁၃)ကြိမ် မြောက် နှီးနှောဖလှယ်ပွဲ”” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel  ၌ ကျင်းပသည်။

အခမ်းအနားတွင်   ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက သားဖွား နှင့် မီးယပ်ကျန်းမာရေးပြဿနာများကို လျော့နည်းသည်ထက် လျော့နည်းစေရေး၊ ပညာရပ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် သားဖွားနှင့် မီးယပ်ပညာရှင် များနှင့် ပြည်သှူကျန်းမာရေးပညာရှင် များ   ပိုမိုတက်ကြွစွာဖြင့်  ဆက်လက် ပူးပေါင်း    ဆောင်ရွက်ကြရမည်ဖြစ်ပြီး အဆိုပါပညာရှင်များပါဝင်သည့်၊““သားဖွား နှင့်မီးယပ်ပညာဆိုင်ရာ အကြံပေးပညာ ရှင်များအဖွဲ့””ကိုလည်း ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
အကျိုးရှိစွာ အသုံးချစေလို
ကျေးလက်တောရွာများတွင် မိခင် များနှင့် ကလေးငယ်များ၏ ကျန်းမာရေး အတွက် သားဖွားဆရာမများ၏ အခန်း ကဏ္ဍသည်   လွန်စွာအရေးကြီးသည့် အတွက် ၀န်ကြီးဌာနအနေဖြင့် သားဖွား နှင့် မီးယပ်ပညာအဖွဲ့နှင့်   ပိုမိုလက်တွဲ ပူးပေါင်းကာသူနာပြုနှင့် သားဖွားပညာ ရပ်များ စဉ်ဆက်မပြတ် သင်ကြားနိုင်ရေး လုပ်ငန်းများအပါအ၀င် သားဖွားဆရာမ များ၏  စွမ်းဆောင်ရည်ပိုမိုမြင့်မားရေး လုပ်ငန်းများ   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် ပညာရှင်များအနေဖြင့် နှီးနှောဖလှယ်ပွဲ တွင်   နိုင်ငံတကာနှင့်  မြန်မာနိုင်ငံမှ ၀ါရင့် ပညာရှင်ကြီးများထံမှ အတွေ့အကြုံနှင့်၊      အမြင်များရယူဖလှယ်နိုင်ခြင်း၊  ခေတ်မီ နောက်ဆုံးပေါ်  ကုထုံးများကို  သိရှိနိုင် ခြင်းနှင့်  ပညာရှင်များအကြားတွင် လည်း ကောင်း၊   တက်္ကသိုလ်များအကြားတွင် လည်းကောင်း       ကွန်ရက်ချိတ်ဆက်  ဆောင်ရွက်နိုင်ခြင်းစသည့်     အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သဖြင့် ယခု နှီးနှောဖလှယ်ပွဲသည် အထူးအရေးကြီးပါ ကြောင်းနှင့် အကျိုးရှိထိရောက်စွာ အသုံးချ စေလိုပါကြောင်း    ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန် အသင်း၊ သားဖွားနှင့် မီးယပ်ပညာအဖွဲ့ ၏ (၁၃) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက်္ခ       ဒေါက်တာအေးအောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း   ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်သ၀ဏ်လွှာကို ဖတ်ကြား သည်။
ပြခန်းများ လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် နှီးနှောဖလှယ် ပွဲအထိမ်းအမှတ်  ဆေးနှင့်ဆေးပစ်္စည်း ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါပြခန်းများကို လှည့်လည်ကြည့်ရှု ခဲ့သည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး သည် အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ တာဝန် ရှိသူများပါဝင်၍ အမေရိကန်နိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (ရုံးချုပ်) မှ အပြည်ပြည်ဆိုင်ရာဓာတ်ခွဲခန်းများ အသိအမှတ်ပြုရေးဌာန၊    ညွှန်ကြား ရေးမှူးDr.   David K.  Turgeon   နှင့် မြန်မာနိုင်ငံဆိုင်ရာဌာနေ    ညွှန်ကြား ရေးမှူး Dr. Mitesh  Desai  တို့  ပါဝင် သောအဖွဲ့နှင့် ဗဟန်းမြို့နယ် အနောက် မြင်းပြိုင်ကွင်းလမ်းရှိ    ပြည်ထောင်စု ၀န်ကြီး၏   ဧည့်ရိပ်သာ၌   မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (National Health Labora-tory)အား   နိုင်ငံတကာအဆင့်မီ အသိ အမှတ်ပြုနိုင်ရေးဆိုင်ရာကိစ်္စရပ်များနှင့်     ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေး ကြသည်။
 သတင်းစဉ်

No comments:

Post a Comment