Friday, January 4, 2019


ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် စင်ကာပူသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော်ဆောင် မြေညီထပ် ဒုတိယနာယက နားနေခန်း၌ စင်ကာပူသံအမတ်ကြီး Ms. Vanessa Chan အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား၊ နှစ်နိုင်ငံ ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီး မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ထံ စင်ကာပူသံအမတ် ကြီးက ပြည်ထောင်စုလွှတ်တော်စာကြည့်တိုက်အတွက် စင်ကာပူနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများနှင့် Multimedia အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဟိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment