Friday, January 4, 2019

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 5 people, people sitting, wedding, table and outdoor
နေပြည်တော် ဇန်နဝါရီ ၃
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက် ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပြန်လည်ဖွဲ့စည်း ပြီးနောက် ယခုအကြိမ် အပါအဝင် အစည်း အဝေး(၉)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်း အမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာ အသုံး ချနိုင်ရန်၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူ ပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု များ နှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရှေ့လုပ် ငန်းစဉ် များနှင့်ပတ်သက်၍ ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကော်မတီ ၏ရှေ့လုပ်ငန်းစဉ် ညှိနှိုင်း အစည်းအဝေးများကို ကျင်းပခြင်း ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းအများ စုကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိ နေသေးသည့် လုပ်ငန်း များကိုလည်း ဆက်လက်ပြီး ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ်အတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ဩဂုတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေး (၃^၂၀၁၈)တွင် မြို့များ၌ ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရန်နှင့် ပြည်သူ များ စနစ် တကျ အမှိုက်စွန့်ပစ်စေရေးအတွက် စည်းကမ်းချမှတ်ဆောင်ရွက်ရန်၊ စစ်တောင်း မြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ်၊ တနင်္သာရီမြစ်နှင့် ဒေါင်းမြူး ချောင်းတို့တွင် ရေကြီးရေလျှံမှုလျော့ပါးရေး အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဆည်များ၏ ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်၊ ဆည်များ ၏အောက်ဘက်တွင်နေထိုင်သည့် ပြည်သူများ ကို အသိပညာပေးရန်နှင့် လိုအပ်သည့် သတိပေးချက်များ ထုတ်ပြန်ရန်၊ တနင်္သာရီ မြို့နှင့် ဘားအံမြို့တွင်ရှိသည့် တာပေါင် များကို စစ်ဆေးဆောင်ရွက်ရန်၊ ကားလမ်း၊ ရထားလမ်းများနှင့် ဆက်စပ်နေရာများတွင် ရေထွက်ပေါက်များနှင့် ရေတံခါးများ တပ်ဆင် ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အများစု ကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်
မိမိတို့နိုင်ငံအနေဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံများနည်းတူ မိုးရာသီတွင် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှု များနှင့် ကမ်းပြိုကမ်းစားမှုများê ကြုံတွေ့ရ လေ့ရှိပြီး နွေရာသီတွင် ရေရှားပါးမှုပြဿနာ များကို ကြုံတွေ့ရလေ့ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ် ခံစားရ သူများအတွက် ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဆိုင်ကလုန်း Shနူအနမ များအပါအဝင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် နှစ်စဉ်ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊ မကြာမီ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလကို ရောက်ရှိတော့မည် ဖြစ်သည့်အတွက် နွေရာ သီတွင် ကြုံတွေ့ရ တတ်သည့် ရေရှားပါးမှုနှင့် ရေပြတ်လပ်မှု ပြဿနာများ လျော့နည်းသက်သာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေမှု၊ ရေကြောင်းသွားလာရေး လုံခြုံချောမွေ့စေမှု၊ ကမ်းပြိုကမ်းစား ကာကွယ်မှု၊ ရေထုညစ်ညမ်းမှု ထိန်းချုပ်မှုတို့အပြင် ရေကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာန အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအကြား ဆက်လက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ဖွဲ့စည်းပြီးနောက် နှစ်စဉ် မတ်လ ၂၂ ရက်တွင် ကျရောက် သည့် ကမ္ဘာ့ရေနေ့ (World Water Day ) အထိမ်းအမှတ် အခမ်း အနားများကို ကော်မတီကကြီးမှူးပြီး ရေနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ကျင်းပ လျက်ရှိပါကြောင်း၊ ကမ္ဘာ့ရေနေ့ ၂၀၁၉ အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား၊ ရေဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြပွဲအခမ်းအနားများကို လာမည့်မတ်လပထမပတ်အတွင်း နေပြည်တော် တွင် ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ် အတွက် ကမ္ဘာ့ရေနေ့ အကြောင်းအရာမှာ လူသားအခွင့်အရေးအတွက် ဒုက္ခ သည် များအပါအဝင် မည်သူ့ကိုမျှ နောက်တွင် ချန်မထားခဲ့ရေး ''Leaving No One Behind "ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေနေ့ ၂၀၁၉ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး အတွက် ယခင်နှစ်များကဲ့သို့ ရေနှင့် ဆက်နွှယ် သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီနှင့် ရေဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့ အစည်းများအနေဖြင့် ရေက ဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ နော်ဝေ၊ ပြင်သစ် အပါအဝင်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် စီမံကိန်းများ၊ လေ့လာမှုများ အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ASEAN ပူးပေါင်းဆောင်ရွက်မှု၊ Mekong River Commission, Lancang-Mekong Cooperation စသည်တို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ရေနှင့်ဆက်နွှယ်သည့် အချက်အလက်များ စုဆောင်းခြင်းနှင့် လေ့လာမှုများ၊ စီမံကိန်းလုပ် ငန်းများ ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအကြား အချက်အလက်များ မျှဝေကာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အချက်အလက်များ ပိုမိုပြည့်စုံစွာဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် မှုများကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း။
ကော်မတီနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကြံပြုချက်များနှင့်ပတ်သက်ပြီး ကော်မတီဝင်များ အနေဖြင့် တက်တက် ကြွကြွ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် လိုပါကြောင်း၊ ဝန်ကြီး ဌာန အဖွဲ့အစည်းများအကြား ရေဆိုင်ရာ အချက်အလက်များကိုလည်း စနစ်တကျ မျှဝေပေးကြရန် လိုပါကြောင်း၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုး ရှိထိရောက်စေသည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနှင့် ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့ အစည်းများကလည်း ဆက်လက်ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်းပြောကြားသည်။
ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
ထို့နောက် အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က နွေရာသီတွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့ လာနိုင်မှု၊ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မှု၊ မြစ်ချောင်း များ ရေထုညစ်ညမ်းမှုနှင့် မြစ်ချောင်းများ အတွင်း အမှိုက်စွန့်ပစ်မှုများ ကာကွယ်ရေး၊ မြစ်ကြောင်းထိန်းသိမ်းရေး၊ ကောင်းမွန်သည့် ရေဥပဒေထွက်ရှိရေးနှင့် ရေကြီးရေလျှံမှု လျော့ပါးရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို လည်း ကောင်း၊ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ အတွင်းရေးမှူး ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းလွင်ဦးက အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/ ၂၀၁၈) ဆုံးဖြတ် ချက်များ၊ ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ဆဲဆုံးဖြတ် ချက်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် လုပ်ငန်း များ၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ ရေဆိုင်ရာ အချက်အလက်များ မျှဝေခြင်း၊ ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးပြင်ဆင်လျာထားမှု၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဆည်၊ တမံများ တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရ မည့် အချက်များ၊ ရေကြီးရေလျှံမှု လျော့နည်းစေရန် ဆောင်ရွက်သင့်သည့် အစီအမံများ၊ ရေဥပဒေရေး ဆွဲရေး အတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ ရွှေခရုမှတစ်ဆင့် ကူးစက်နိုင်သောရောဂါအား ကြိုတင်ကာကွယ် ရေးနှင့် အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့် ဝန်ကြီးဌာနအလိုက် သဘာဝဘေးအတွက် ရန်ပုံငွေများ ထည့်သွင်း လျာထားရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ ဒုတိယ ဝန်ကြီး ဦးတင်မြင့်၊ ဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲ များနှင့် တာဝန်ရှိသူများက မိုးရေ စုဆောင်းခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း စသည့် ရေရရှိရေးဆောင် ရွက်မှုများ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြီးရေလျှံမှု များသက်သာစေရန် ကနဦး ဆောင်ရွက်ရမည့် လုပ်ငန်း များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝရေထွက်များ ထိန်းသိမ်း ထားရှိမှု၊ ရေသယံဇာတအရင်း အမြစ်များ စီမံအုပ်ချုပ်လုပ်ကိုင်နေမှု၊ ပြည်တွင်းလျှပ်စစ် ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ရေအား လျှပ်စစ်ထုတ်လုပ်မှု အခြေအနေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ကမ်းပြိုမှု၊ မြစ်ချောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေဥပဒေထွက်ရှိရေး၊ ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှု လျော့နည်း သက်သာစေရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေဝေ ရေလဲ ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ စီမံကိန်း လျာထား ချက်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နေသော လုပ်ငန်းများနှင့် အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီ၏ ရှေ့လုပ်ငန်း စဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်
ထို့နောက် ဒုတိယသမ္မတက ပြန်လည် သုံးသပ်ဆွေးနွေးရာတွင် ယနေ့အစည်းအဝေး တွင် ဆွေးနွေး တင်ပြ သည့် အချက်များသည် အလေးထားဆောင်ရွက်ရန်နှင့် သတိပြုရန် အချက်များဖြစ်၍ ဆွေးနွေး တင်ပြသူများ အားလုံးကို အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကိုယ်စား အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ကမ္ဘာ့ ရေနေ့ (World Water Day ) အထိမ်းအမှတ် လိုဂို၌ မိမိတို့နိုင်ငံ၏ အင်းလေးကန်ပုံကို ဖော်ပြခြင်း သည် ကမ္ဘာက မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တန်ဖိုးထား အသိ အမှတ် ပြုခြင်းဖြစ်၍ မိမိတို့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည် ဖြစ်ပါကြောင်း၊ ရေနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုရလဒ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့လျှောက်ရေနှင့်ပတ်သက်သည့် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်လက်ပြီး တက်ညီ လက်ညီအားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တက်ရောက်
အစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပညာရှင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment