Thursday, January 3, 2019

မြန်မာ့တက္ကသိုလ်များ၏ သုတေသနညီလာခံ ကျင်းပမည်
===============================
နေပြည်တော် ဇန်နဝါရီ ၂
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် အသုံးချသုတေသန ဆောင်ရွက်မှုများကို အရည်အသွေးရှိစွာ ဆန်းသစ် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီ တို့က ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက် မြန်မာ့ တက္ကသိုလ်များ၏ သုတေသနညီလာခံကို ၂၀၁၉ ခုနှစ် မေလ စတုတ္ထပတ်အတွင်း ကျင်းပရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အဆိုပါညီလာခံတွင် ဝိဇ္ဇာ/သိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာနှင့် နည်းပညာရပ်များ၊ ကွန်ပျူတာ ပညာရပ်များ၊ စီးပွားရေးပညာရပ်များ၊ ဆေးနှင့် နှီးနွှယ်ပညာရပ်များ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များ၊ သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရပ်များ၊ ဆရာအတတ်ပညာစသည့် ပညာရပ်ဆိုင်ရာ အသုံးချသုတေသနစာတမ်းများ ဖတ်ကြားနိုင်ရေး ဝန်ကြီးဌာနများအောက်ရှိ တက္က သိုလ်များသို့ အသိပေးအကြောင်းကြားသွား မည် ဖြစ်သည်။
တက္ကသိုလ်များမှ စာတမ်းဖတ်ကြားမည့်သူများ သည် စာတမ်းအနှစ်ချုပ်ကို ညီလာခံ၏ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီသို့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက http://www.nepc. edu. mm^ murc2019တွင် ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment