Saturday, January 19, 2019

နိုင်ငံတော် ငွေပေးချေမှုကြီးကြပ်မှုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

Image may contain: 3 people, people sitting and table

နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ၏ ငွေပေးချေမှုလုပ်ငန်းများကို မဟာဗျူဟာအဆင့်တွင် ကြီးကြပ်ရန်အတွက် ''နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ (National Payment System Governing Committee)'' ၏ ပထမအကြိမ် အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံ ငွေပေးချေမှုစနစ် အကောင် အထည်ပေါ်လာရေးနှင့် အများပြည်သူ၏ နေ့စဉ်ငွေပေးချေမှုများတွင် ထိထိ ရောက်ရောက် လက်တွေ့အသုံးချသည့် ငွေပေးချေမှုစနစ် ဖြစ်ရေးအတွက် နိုင်ငံတော်အဆင့်မှ ကြီးကြပ်ဖော်ဆောင် ရေး၊ ငွေပေးချေမှုစနစ်များအား ပြည်သူ များအတွက် ဝန်ဆောင်မှုစရိတ် သက်သာစွာ အသုံးပြုနိုင်ရေး လိုအပ် သောအစီအမံများ ပြုလုပ်သွားနိုင်ရေး၊ ငွေပေးချေမှုစနစ်များ လုံခြုံရေးနှင့် ပြည်သူလူထု၏ ယုံကြည်မှုရရှိရေး စီစဉ်ဆောင်ရွက်သွားနိုင်ရေးနှင့် တရား မဝင် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်း များကို မိမိနိုင်ငံ၏ ငွေပေးချေမှုစနစ် အောက်တွင် ပါဝင်လာစေရေး ဆောင်ရွက်ရန် ပြောကြားသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် နိုင်ငံတော် ငွေပေးချေမှုကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များအလိုက် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment