Thursday, January 24, 2019

ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် လိုအပ်နေသော ဗန်းမော်ဆေးရုံရှေ့လမ်းမကြီး


Image may contain: one or more people, people standing, tree and outdoor
ထင်သာမြင်သာ ပြုပြင်စရာ



ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဆေးရုံကြီးလမ်းခေါ် ဦးကြီးတိန်လန်နန်လမ်းမကြီး သည် မူလ ပေ ၁၀၀ ခန့်ကျယ်ဝန်းသည်ကို တွေ့ရပြီး နှစ်လမ်းသွားနိုင်သည်ကို တွေ့ရသည်။ လမ်းမကြီး ၀ဲယာ၌ ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ အမှတ် ၃ အစိုးရ အလယ်တန်းကျောင်းများ တည်ရှိပြီး ကျောင်းသူ ကျောင်းသားများ၊ သူနာပြုဆရာမများ၊ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများသည် စဉ်ဆက်မပြတ် သွားလာလျက်ရှိသည်။ အထူးသဖြင့် ဆေးရုံကြီး၏ ၀င် ထွက်ပေါက်ရှေ့ လမ်းတစ်ဖက် တွင် ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များသည် လမ်းမကြီးပေါ်တွင် ကျူးကျော်ခင်းကျင်းရောင်းချနေသဖြင့် လမ်းကြောများ ကျဉ်းမြောင်းကာ ပြည်သူ့ ဆေးရုံသို့ ၀င် ထွက်သော ယာဉ်များ၊ ပြည်သူများမှာ အန္တရာယ်များနှင့် နေ့စဉ် ရင်ဆိုင်နေကြရသည်။
သို့ဖြစ်၍ သက်ဆိုင်ရာဌာနများက ကျူးကျော်ဆိုင်များ ရှင်းလင်းပြီး ဆေးရုံကြီး အနီးတစ်ဝိုက် လမ်းမကြီးကိုလည်း အရှိန်ထိန်းခုံးများထားရှိပေးမှသာ ယာဉ် အန္တရာယ်ကင်းရှင်းပြီး ဆေးရုံကြီးသို့ ၀င် ထွက်ရာ၌ အများပြည်သူအတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း ဆေးရုံကြီးသို့ လာရောက်သူများ၏ ပြောကြား ချက်ကို သက်ဆိုင်ရာက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တင်ပြလိုက်ရပါသည်။
ရင်ငြိမ်းပန်း (လွယ်ဂျယ်)

No comments:

Post a Comment