Tuesday, January 22, 2019

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး






Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၁



၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနား များတွင် ဗိုလ်ချုပ်၏ အစောပိုင်းကာလ ဖြတ်သန်းမှုများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ၊ ဗိုလ်ချုပ်နှင့် ဆက်စပ် ဖြစ်ပေါ်သည့် နောက်ခံနိုင်ငံရေးဖြစ်စဉ် များ၊ ဗိုလ်ချုပ်၏မိန့်ခွန်းများ၊ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၊ မှတ်တမ်းရုပ်သံများ၊ ဗိုလ်ချုပ်၏အတ္ထုပ္ပတ္တိ ရက်စဉ်မှတ်တမ်းနှင့် မှတ်တမ်းဓာတ်ပုံ များကို ခင်းကျင်းပြသနိုင်ကြောင်း။
စာသင်ကျောင်းများတွင် ဗိုလ်ချုပ် နှင့် ပတ်သက်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်များကို ဗိုလ်ချုပ်၏ဟန်ဖြင့် ကလေးများက မိန့်ခွန်းပြောသည့် ပြိုင်ပွဲ၊ ပြင်ပက ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားသည့် အရည်အချင်းများ၊ အတုယူမှတ်သား ဖွယ်ရာများကို ဟောပြောသည့် ဟော ပြောပွဲများနှင့် ဗိုလ်ချုပ်၏စိတ်ဓာတ်၊ ဗိုလ်ချုပ်၏ စွမ်းဆောင်ချက်များနှင့် ပတ်သက်သည့် စကားဝိုင်းများ ကျင်းပ ပြုလုပ်နိုင်ပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်၊ မ္တလေး မြို့ကြီးများအပါအဝင် အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ မြို့များတွင် မည်သို့ကျင်းပမည်ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း ၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များကို တိကျစွာချမှတ်ပြီး ယင်းဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး၊ အမျိုးသားအဆင့်နှင့် ဒေသအဆင့် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ နှင့် စာသင်ကျောင်းများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်း အမှတ် အခမ်းအနားတွင် ကဗျာရွတ် ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲများ ကျင်းပသွားမည့် အစီအမံများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများ ပြသမည့် အစီအစဉ် များ၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်း အမှတ် လက်ကမ်းစာစောင်ဖြန့်ဝေမည့် အစီအစဉ်များ၊ စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်း အမှတ် အခမ်းအနားများနှင့် ပြိုင်ပွဲများ ကျင်းပသွားမည့် အစီအစဉ်များနှင့် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မှတ်တမ်း ဗီဒီယို မိန့်ခွန်း၊ ရုပ်သံ၊ သီချင်းပြသသွား မည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်းတို့က လုပ်ငန်းလိုအပ် ချက်များကို ဖြည့်စွက်တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ ရာတွင် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံ အတွက် ဆောင်ရွက်ခဲ့သည့် လွတ်လပ် ရေး ကြိုးပမ်းဆောင်ရွက်ချက်များ ပေါ်လွင်စေရန် လိုအပ်ကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်၏ ဖြောင့်မတ်တည်ကြည်သည့် စိတ်၊ အမှန်တရားကို မြတ်နိုးသည့်စိတ်၊ ရဲစွမ်းသတ္တိရှိမှု၊ အများအတွက်သက်စွန့် ကြိုးပမ်းဆောင်ရွက်တတ်မှု စသည့် အကြောင်းအရာများပေါ်လွင်စေရန်နှင့် နိုင်ငံသူ နိုင်ငံသားများနှင့် အထူးသဖြင့် ကလေးငယ်များ၏ စိတ်ထဲတွင် စွဲမြဲသွား ပြီး အတုယူတတ်စေရန်ရည်ရွယ်၍ ကျင်းပသွားရန်လိုအပ်ကြောင်း ပြော ကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment