Tuesday, January 22, 2019

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေးကျင်းပ




Image may contain: 21 people, people standing
 နေပြည်တော် ဇန်နဝါရီ ၂၁



လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ပထမ အကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန် မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ဖွဲ့စည်းရခြင်း အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိက္ခများ ဖြစ်ပွားဆဲနိုင်ငံဖြစ်ပြီး ကလေးသူငယ်များကို ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရန် လိုအပ် သောကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံအစည်းအဝေးများကျင်းပခြင်းဖြင့် အကောင် ထည်ဖော်လျက်ရှိပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၂)တွင် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် (၇)ချက်ရရှိရာ ကလေးသူငယ်အခွင့်အရေးရရှိရန်နှင့် ကလေး သူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေး နှင့် ကလေးသူငယ်များအတွက် ကြီးလေးသောချိုးဖောက်မှု (၆)ချက် ပပျောက်ရေးကိုဦးတည်၍ စီမံချက်ချမှတ်ဆောင်ရွက် ရန်ဟူသော အချက်ပါဝင်ကြောင်း။
ပြည်သူနှင့် နိုင်ငံတကာက သိရှိနိုင်ရေး
၁၉၉၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကလေး သူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အဖြစ် အသစ်ပြန်လည် ပြင်ဆင်ရေးသားခဲ့ပြီး အတည်ပြုရန် အတွက် လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် လျက် မကြာမီအတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေအသစ် အခန်း(၁၇)တွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်အား ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြထားရှိကြောင်း၊ ယခုဖွဲ့စည်းသော ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၁၀)ရပ် အား အကောင်အထည်ဖော်ရမည်ဖြစ်ရာ အဆိုပါသဘောတူညီ ချက်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များအပြင် နိုင်ငံတော်၏ မူဝါဒ၊ နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံòန်းများနှင့် ကိုက်ညီသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်မည် ဖြစ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက်များကို မီဒီယာတွင် အများ ပြည်သူနှင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်း အစီအစဉ်များရေးဆွဲရန် ကော်မတီဝင်များ၊ အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ကြီးလေးသောကျူးလွန်မှု (၆)ရပ်
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။
ဆုံးဖြတ်ခဲ့
ဆွေးနွေးချက်များအရ ကော်မတီ၏ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစီမံ ချက်များရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန် နှင့် ညှိနှိုင်းအစည်းအဝေးများကို နှစ်လတစ်ကြိမ် ပုံမှန်ကျင်းပ ရန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော UNICEF ၊ UNDP အဖွဲ့အစည်းများအပါအဝင် Country Task Force for Monitoring and Reporting – CTFMR နှင့် ထိရောက် စွာ ဆွေးနွေးပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment