ကလေးစာပေပွဲတော်(မြစ်ကြီးနား) ပြင်ဆင်ဆောင်ရွက်နေမှု ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေး
==========================
မြစ်ကြီးနား ဇန်နဝါရီ ၁၇
မြစ်ကြီးနား ကလေးစာပေပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါပွဲတော်အား ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ကျင်းပသွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများသည် ကျောင်းမုခ်ဦးများတွင် ပွဲတော်ဆိုင်းဘုတ်များနှင့် အဝင်လမ်း မိန်းလမ်းမတစ်လျှောက် ပွဲတော်တံဆိပ်ပါ
ကြက်လျှာအလံများ စိုက်ထူတပ်ဆင်ပြီးစီးမှု၊ မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဘွဲ့နှင်း သဘင်ခန်းမအတွင်း ခင်းကျင်းပြသထားရှိမှု၊ ကလေးစာဖတ်ခန်း၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခန်းမအတွင်း ပြင်ဆင်ဆောင်ရွက်
ထားရှိမှုအခြေအနေများနှင့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ဆိုင်တန်း၊ စတုဒိသာ ဆိုင်တန်းများနှင့် အား ကစားပြိုင်ပွဲများ ကျင်းပမည့်နေရာများတွင် ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ပွဲတော်ဖြစ်မြောက်ရေး
ကော်မတီအသီးသီးမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
မြစ်ကြီးနား ကလေးစာပေပွဲတော်သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် ကိုးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခုပွဲတော်တွင်၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်စာစောင် ၄၀၀၀ ကျော်နှင့် အမျိုးသားမော်ကွန်း
ပြတိုက်မှ ရန္တပိုစာချုပ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်နှင့် ထူးခြားထင်ရှားသည့် ကျောက်စာများကိုလည်း ပြသသွားမည်ဖြစ်ပြီး ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် တိုင်းရင်း သားဘာသာစကားဖြင့် ယှဉ်ပြိုင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ် (ပြန်/ဆက်)

No comments:
Post a Comment