
နေပြည်တော် ဇန်နဝါရီ ၁၈
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင် ရောက်ရှိ နေသော နယ်စပ်ဒေသအသီးသီးမှ လေ့လာရေးအဖွဲ့များဖြစ်ကြသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကုန်းကြမ်းဒေသမှ ဒေသခံ ၃ဝ ၊ ကယားပြည်နယ် ဟိုယာ၊ ဘီယာဒေသမှ ဒေသခံ ၃ဝ ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ဖာပွန် ဒေသများမှ ဒေသခံ ၃ဝ ၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်များမှ ဒေသခံ ၃ဝ ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျွန်းသာယာဒေသမှ ဒေသခံ ၃ဝ ၊ စုစုပေါင်း ၁၅ဝ တို့အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယင်းဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူငယ်မောင်မယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို မျက်ဝါး ထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေး ခရီးစဉ်မှရရှိသည့် အတွေ့အကြုံကောင်း များကို မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက် စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများ ပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ ရှင်သန်ပွားများ ခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီးအတွင်း အကြားအလပ် မရှိ ညီညွတ်မျှတသည့်အကျိုးကို ခံစား ရရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အခြေခံ၍ တိုင်းပြည်အင်အားရရှိရန် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာရေး ခက်ခဲသည့် နယ်စပ်ဒေသပြည်သူလူထု၏ လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ် အေးချမ်းမှုရှိခြင်းနှင့် အပြန်အလှန် ဆက်နွှယ်နေသဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထူးအလေးအနက်ထားပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ် ဒေသတွင် နေထိုင်ကြသော ပြည်သူလူထု အနေဖြင့်လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်း ရေးရရှိရေး လုပ်ငန်းစဉ်များတွင် ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုတို့မြင့်မားလာပြီး စိန်ခေါ်မှုများစွာ နှင့် ကြုံတွေ့နေရသလို မိမိတို့နိုင်ငံအနေ နှင့်လည်း မူးယစ်ဆေးဝါးပြဿနာ ကြီးမားကျယ်ပြန့်လာတာကို အားလုံး သိရှိကြပြီးဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ နေ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ၏ဆိုးကျိုးကို သိရှိနားလည်ပြီး ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိကြစေရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြ ရန် မှာကြားလိုကြောင်း၊ ယခုလေ့လာရေး လာရောက်ကြသော မောင်တို့ မယ်တို့ အနေဖြင့် နုပျိုလန်းဆန်းတက်ကြွနေသည့် လူငယ်လူရွယ်များ ဖြစ်သည့်အပြင် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နောင်တစ်ချိန်မှာ မိမိတို့ နိုင်ငံ မိမိတို့ဒေသ၏ ကြီးလေးသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင် ကြမည့်သူများဖြစ်သည့်အတွက် နိုင်ငံ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်သည့် သားကောင်းသမီးမွန်များ၊ ထူးချွန်ထက်မြက်သူများဖြစ်ရန် စဉ်ဆက် မပြတ် ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အစီအစဉ်အရ လေ့လာရေးအဖွဲ့ဝင်များ ကိုယ်စား တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လေ့လာရေး အဖွဲ့ဝင်များက ¤င်းတို့၏ ရိုးရာအကများ ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment