Tuesday, January 8, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပီရူးသံအမတ်ကြီးအား လက်ခံတွေ့ဆုံမြန်မာ-ပီရူး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Image may contain: 1 person, standing

နေပြည်တော် ဇန်နဝါရီ ၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး H.E. Mr. Fernando Quiros Campos အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ပီရူး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်သွား ရန်နှင့် အားကစား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေးဝါး၊ တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment