Monday, January 21, 2019

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ချင်းပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ





Image may contain: 1 person, sitting
ဟားခါး ဇန်နဝါရီ ၂၀



ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေ သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ချင်းပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် ချင်းပြည်နယ် ဟားခါး မြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ် ရေးမှူးက အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် မိတ်ဆက်ပေးသည်။
ထို့နောက် ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ် ရေးမှူးက ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အမှာစကားပြောကြားရာတွင်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်းခံရပြီးနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာတွင် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု တတိယ အကြိမ်အဖြစ် ချင်းပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ယခုလို တွေ့ဆုံရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါကြောင်း။
အုပ်ချုပ်ရေးယ္တရား တည်ဆောက်ရန်
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) ၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက် သို့ ပြောင်းရွှေ့ဖွဲ့စည်းတာဝန်ထမ်း ဆောင် စေပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ပြောင်းရွှေ့ ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ ဖြစ်သည့် အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်နိုင်ရန်နှင့် Good Governance အုပ်ချုပ်မှုစနစ်ကောင်း ဖြစ်ပေါ်လာရန် ရည်ရွယ်ပြီး ပြောင်းရွှေ့ ရခြင်းပင် ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၈ ခုနှစ် ဧပြီလ မြန်မာ့ရိုးရာနှစ်သစ်ကူး မိန့်ခွန်းတွင် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲ ရေးအတွက် အစိုးရပြုပြင်ပြောင်းလဲရေး နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုသည့် အချက် (၂)ချက် ဆောင်ရွက်မည်ဆိုသည် ကို လမ်းညွှန်ပြောကြားခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အစိုးရ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မယ်၊ ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ချဉ်းကပ်မယ်၊ ပြည်သူ့ဆန္ဒကို အလေး ထားပြီး တည်ဆောက်မယ်၊ ပြုပြင် ပြောင်းလဲမှုနဲ့ အံမဝင်တဲ့ နေရာတွေမှာ လူစားလဲမှုတွေ ပြုလုပ်မယ်ဆိုသည့် မူဝါဒ (၄)ရပ်နှင့် ဆောင်ရွက်သွားရန်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဆောင်ရွက် ရာတွင် ပြောင်းလဲသင့်သည်များကို ပြောင်းလဲမယ်၊ တည်ငြိမ်မှုကိုလည်း မထိခိုက်စေဘဲ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ ဆောင်ရွက်မယ်၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုကို အခြေခံပြီး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွယ်မယ်ဆိုတဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်သွားဖို့ကိုလည်း လမ်းòန် ထားခဲ့ပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန် ချက်နှင့်အညီ အုပ်ချုပ်မှုယ္တရား ပြုပြင် ပြောင်းလဲခြင်း၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနှင့် ပိုမိုပေါင်းစည်းဆက်စပ် ဆောင်ရွက်ပေးခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း စသည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပညာရှင်များပါဝင်သည့် အကြံပေးအဖွဲ့၏ အကြံပြုချက်များကိုရယူပြီး ယင်းအကြံ ပြုချက်များကို လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အထိရောက်ဆုံး ချိတ်ဆက်အကောင်အထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အနေနှင့် မိမိတို့၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် အညီ ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။
ပွင့်လင်းမြင်သာမှုရှိရေး
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော် အုပ်ချုပ်ရေးမှူးတို့သည် တိုင်းဒေသ ကြီး / ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီ၏ အတွင်းရေးမှူး များအဖြစ် တာဝန်ယူဆောင်ရွက်နေရ ခြင်းဖြစ်သည့်အတွက် ထိုသို့ အရေးကြီး တာဝန်များကို ထမ်းဆောင်ရာတွင် အုပ်ချုပ်မှုယ္တရား ချောမွေ့စေရေး၊ အုပ်ချုပ်မှုစနစ် မျှတမှန်ကန်စေရေး၊ အဂတိလိုက်စားမှုမရှိစေရေး၊ ပွင့်လင်း မြင်သာမှု ရှိစေရေးတို့ကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အလေး အနက်ထား ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း။
အစိုးရအဖွဲ့များ ပြောင်းလဲသွားခြင်း သည် အသွင်သဏ္ဌာန်ပြောင်းလဲသွားခြင်း ဖြစ်ပြီး အမှန်တကယ် အနှစ်သာရ ပြောင်းလဲမှုများဖြစ်ပေါ်လာရန်အတွက် မိမိတို့၏ ဝန်ထမ်းများကိုယ်တိုင် နိုင်ငံတော်၏မူဝါဒများနှင့်အညီ လိုက်ပါ ပြောင်းလဲပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ် အဆင့်တွင်ရှိသည့် အထွေထွေအုပ်ချုပ် ရေး ဝန်ထမ်းများအားလုံး တက်ညီ လက်ညီပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ပေးကြရန် အထူးမှာကြားလိုပါကြောင်း၊ အပြောင်းအလဲများ ဖော်ဆောင်ရာတွင် ဘာများမှားသွားမလဲဆိုသည့် စိုးရိမ်စိတ် များ ဖြစ်ပေါ်တတ်ခြင်းသည် သဘာဝပင် ဖြစ်ပါကြောင်း။
ထိုသို့သော အချိန်အခါမျိုးတွင် အချင်းချင်းဆွေးနွေးတိုင်ပင် နှီးနှောပြီး ဆောင်ရွက်မယ်ဆိုရင် စိုးရိမ်မှုများ ပျောက်ပျက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်- အောက်၊ ဘေးနံ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနှင့် လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
နိဂုံးချုပ်အနေနှင့် နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့်ပတ်သက်ပြီး အလေးအနက်ထား မှာကြားလိုသည့် အဓိကအချက် (၂)ချက် ရှိပါကြောင်း၊ ပထမအချက်မှာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့လိုက်သည့်အတွက် ဘာတွေ ဖြစ်လာမလဲဆိုပြီး စိုးရိမ်ပူပန်မှုများ မရှိကြရန် ပြောကြားလိုပါကြောင်း၊ အုပ်ချုပ်ရေးယ္တရား တည်တည်ငြိမ်ငြိမ် နှင့် လည်ပတ်နေပြီး နောက်တစ်ဆင့် အနေနှင့် အပြောင်းအလဲများ ဖော် ဆောင်နိုင်ရန်၊ ဦးတည်ကြိုးပမ်းပေးကြရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ အနေနှင့် မိမိတာဝန်ကို ကျေပွန်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ပြောင်းလဲလာသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ပြုပြင် ပြောင်းလဲမှုများကို တက်တက်ကြွကြွ လိုက်ပါဖော်ဆောင်ပေးကြရန် မှာကြား လိုပါကြောင်း၊ မိမိ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်နှင့် ဆက်လက်ဆောင်ရွက် သွားပြီး ပြောင်းလဲမှုများကို အရှိန် အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း။
အပြောင်းအလဲများ မြင်တွေ့နိုင်
ဒုတိယအချက်မှာ မိမိတို့၏ ပြုပြင် ပြောင်းလဲမှုသည် ပြည်သူလူထုကို မျက်နှာမူပြီး အပြောင်းအလဲများ သိသိ သာသာ မြင်တွေ့နိုင်အောင် ကြိုးပမ်း ကြရန်ဖြစ်ပါကြောင်း၊ ပြည်သူများ မြင်တွေ့လိုသည့် အပြောင်းအလဲများ ဖြစ်လာအောင် စိတ်ဓာတ်နှင့် ခံယူချက် များ ပြောင်းရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးသူများ ဖြစ်သည်ဟု ခံယူထားပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် အချိန်မရွေး အဆင်သင့်ရှိနေ ကြရမည် ဖြစ်ပါကြောင်း၊ လူထုနှင့် နီးစပ်၊ လူထုအသံကိုနားထောင်၊ လူထုနှင့်အတူ ပူးပေါင်းလုပ်ကိုင်ပြီး လူထုက ယုံကြည် ရသည့် စီမံခန့်ခွဲမှုစနစ်နှင့် အားကိုးရသည့် အုပ်ချုပ်ရေးမှူးကောင်းများ ဖြစ်လာ အောင် မိမိတို့အားလုံး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
ပထမဆုံးအဆင့်တွင် အုပ်ချုပ်ရေး ယန္တရားတည်ငြိမ်ရေး၊ တစ်ဆက်တည်း မှာပင် ဒုတိယအဆင့်တွင် အပြောင်း အလဲများ ဖော်ဆောင်နိုင်ရေးကို ရည်မှန်း ချက်ထားပြီး မိမိတို့ဝန်ထမ်းများသည် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နှင့် ဖော်ဆောင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် အလေးအနက် တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး ဆောင်ရွက်ရန် အချက်များကို လမ်းညွှန်မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment