Thursday, January 24, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ





Image may contain: 4 people, people sitting, table and indoor
 နေပြည်တော် ဇန်န၀ါရီ ၂၃



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ယခုကဲ့သို့ တွေ့ဆုံ ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုအပ်ချက်များကို သိရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာရေးကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် အလုပ်သမားများ၏ အခန်း ကဏ္ဍ မည်မျှအရေးပါသည်ကို သိရှိ နားလည်ပါကြောင်း၊ ထို့အတူ အလုပ်ရှင် များ၏ အခန်းကဏ္ဍပါ အရေးပါမှု ကို နားလည်သဘောပေါက်ပါကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံမှု ကောင်းမွန်ရေးနှင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာ ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်တွင် တာဝန် အသီးသီးရှိပါကြောင်း၊ အဆိုပါလုပ်ငန်း များ ဆောင်ရွက်ရာတွင် အားနည်းချက် အားသာချက်များရှိနေပြီး မိမိတို့ဝန်ထမ်း များကို အရည်အချင်း ပိုမိုတိုးတက် ကောင်းမွန်လာရန်နှင့် အလုပ်သမား ရေးရာ ဥပဒေများကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် သိရှိနိုင်ရန်အတွက် သင်တန်း များ ပို့ချပေးလျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေး သည့် ဥပဒေများအတိုင်း လိုက်နာ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် အပြင် လွှတ်တော်ကော်မတီများနှင့် လည်း အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးတင်ပြလျက် ရှိပါကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေနှင့် အလုပ်သမား အဖွဲ့အစည်းဥပဒေ(မူကြမ်း)ပြုစုရာတွင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်ရေး၊ လိုအပ်ချက်များ၊ ထပ်မံ ပြင်ဆင်ထည့်သွင်းလိုသော အချက်များ ရှိပါက ၀န်ကြီးဌာနမှ အစိုးရကိုယ်စား လှယ်အဖြစ် ဦးဆောင်၍ သက်ဆိုင်ရာ လွှတ်တော်အဆင့်ဆင့်သို့ ဆက်လက် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေ နှင့် အလုပ်သမားအဖွဲ့အစည်း ဥပဒေ (မူကြမ်း) အဆိုပြုချက်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၏ စံနှုန်းများ၊ တိုက်ရိုက် ထိတွေ့ဆက်ဆံရေးအဖွဲ့ (Direct Con-tract Mission Report - DCM) ပါ အကြံပြုချက်များနှင့် ကိုက်ညီရေး၊ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်တွင် အမျိုးသား အဆင့် အစိုးရ၊ အလုပ်ရှင်နှင့်အလုပ်သမား သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွေး ပြောဆိုမှုဖိုရမ်တွင် အကျေအလည် ပါဝင် ဆွေးနွေးရေးအပါအ၀င် ဥရောပ ကော်မရှင်(EU)မှ GSP ပြန်လည် ရုပ်သိမ်းရေး စဉ်းစားနေမှုများကို သုံးပွင့်ဆိုင် စုပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ်္ဂများအဖွဲ့ချုပ်ဥက်္ကဋ္ဌ နှင့်အဖွဲ့ဝင်များက အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းဥပဒေ(မူကြမ်း)နှင့် အငြင်းပွားမှုဖြေရှင်းရေးဥပဒေ (မူကြမ်း)တို့တွင်ပါဝင်သည့် အချက်များ နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ၊ မြေပြင်တွင်တွေ့ကြုံနေရ သည့် အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေး ဆိုင်ရာ အခက်အခဲများ၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာများကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အလုပ်သမားဩန်ကြားရေး ဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment