Thursday, January 24, 2019

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




Image may contain: 5 people, people sitting, table, indoor and outdoor
 နေပြည်တော် ဇန်န၀ါရီ ၂၃



 ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro Maruyamaနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ၀န်ကြီးဌာန၏ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေး ကြသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းတို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment