Thursday, January 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ဂျပန်၊ဂီတပွဲတော် ကြည့်ရှုအားပေး





Image may contain: 4 people, people on stage
နေပြည်တော် ဇန်န၀ါရီ ၂၃





ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သည့် မြန်မာ-ဂျပန် ဂီတပွဲတော်ကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးသည်။
ဂီတပွဲတော်သို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု ၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းင်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ၎င်းင်းတို့၏မိသားစုများ၊ ဂီတ၀ါသနာရှင်များ တက်ရောက်အားပေး ကြသည်။
ဂီတပွဲတော်တွင် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ကိုးသောင်းတန်ဖိုးရှိ ဂီတတူရိယာပစ်္စည်း (၁၉)မျိုး လွှဲပြောင်း လှူဒါန်းခဲ့သည့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး.E. Mr. Ichiro Maruyamaက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဩန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးထံ ပေးအပ်သည်။
ယင်းနောက် မြန်မာ-ဂျပန် ဂီတ ပွဲတော်ကို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများတီးခတ်၍ စတင် ဖွင့်လှစ်ပြီး ဂီတမှူး မစ်္စတာ ယူနိုဆူကဲ ယာမာမိုတိုနှင့် နိုင်ငံတော်သံစုံတီးဝိုင်း အဖွဲ့တို့က တေးသွားများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ (ရန်ကုန်)မှ မစ်္စတာ ဆာတိုက ဂျပန်ရိုးရာ တူရိယာပစ်္စည်းများ အကြောင်း ရှင်းလင်းပြောကြားသည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတ ပညာရှင်များ၊ ဂျပန်နိုင်ငံမှ ဂီတပညာရှင်များနှင့် ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များက မြန်မာ-ဂျပန် ရိုးရာတေးသွားများကို တီးခတ်သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ဂီတပွဲတော် ဖျော်ဖြေတင်ဆက်မှု အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဂီတမှူး မစ်္စတာ ယူနိုဆူကဲ ယာမာမိုတိုကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စန်္ဒရားပညာရှင် မစ်္စ ကျိုကို ခိုယာမာကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ဂုဏ်ပြုပန်းစည်းပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က ဂျပန်ရိုးရာ တူရိယာအဖွဲ့၊ ဂျပန်သံစုံ ဂီတပညာရှင်အဖွဲ့၊ ဂီတမိတ် Choir အဖွဲ့၊ အင်းစိန် Choir အဖွဲ့ ၊ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် နိုင်ငံတော်ဆိုင်းဝိုင်းကြီးတို့အား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကြသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ဂီတပညာရှင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ပူးပေါင်းဖျော်ဖြေ
ယနေ့ကျင်းပသည့် ဂီတပွဲတော်ကြီးကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးနှင့်အတူ ဂျပန်ဖောင်ဒေးရှင်းတို့က ပူးပေါင်း ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ပြီး မြန်မာ-ဂျပန် ဂီတ ပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့ နှင့်အတူ ဂီတမှူး မစ္စတာ ယူနိုဆူကဲ ယာမာမိုတို နှင့် စန္ဒရားပညာရှင် မစ်္စ ကျိုကိုခိုယာမာ၊ ဂျပန် ရိုးရာဂီတပညာရှင်များ၊ ဂီတမိတ်အဖွဲ့မှ အနုပညာ ရှင်များ ပူးပေါင်းတင်ဆက် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment