Friday, January 25, 2019

နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့် ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်


Image may contain: 3 people, people smiling, people standing


နေပြည်တော် ဇန်န၀ါရီ ၂၄
၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင် ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ်္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့် တက်ရောက်ပြီး ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ် ချီးမြှင့်သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်ကဩ““နိုင်ငံ သားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန် တာဝန်ရှိသည်””ဟု ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ တွင် အတိအလင်းဖော်ပြပါရှိထားပြီး ဖြစ်ပါ ကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် သဘာဝသယံဇာတများအပေါ်တွင် မှီခိုခြင်းမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားများ၏ တာဝန်သိမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ရောင်ပြန်ဟပ်သည့် အခွန်အကောက် များကို အမှီပြုမှသာ တည်ငြိမ်တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း အခွန်ယဉ်ကျေးမှုတစ်ရပ် ပိုမို ဖြစ်ထွန်းစေရေးကို ဦးတည်၍ ယနေ့အခမ်းအနားကို ကျင်းပ ရခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး အားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေးမူဝါဒများကို ချမှတ်ခဲ့ပါကြောင်း၊ ထိုသို့ချမှတ်ခဲ့ရာတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ်္ဂလိကကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အတွက် မူဝါဒသီးခြား ရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် တို့ကို ထည့်သွင်းချမှတ်ထားပါကြောင်း။
ထို့အပြင် အခွန်စနစ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ ၀င်ငွေ တိုးတက်ရရှိစေရန် အကျိုးလည်းရှိ၊ မျှလည်းမျှတစေမည့် အခွန်စနစ်ထူထောင်ပြီး ပြည်သူများ၏ အခွင့်အရေးနှင့် ပစ်္စည်းဥစ်္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်လည်း ပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များအတွက်သာ အခွန် ကောက်ခံခြင်းမဟုတ်ဘဲ ညီညွတ်မျှတသည့် အရအသုံး ငွေကြေး စနစ်ကို ဖော်ဆောင်ပြီး ငွေကြေးလည်ပတ်မှုမှန်ကန်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အခွန်စနစ်ဖြင့် ပြည်တွင်းအခွန်ရရှိမှု တိုးမြှင့်
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ် ထူထောင်နိုင် ရေးတွင် ဘဏ္ဍာငွေကြေးသည် အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း ငွေကြေးလိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အခွန်စနစ်ကို ကောင်းမွန်လာရန်နှင့် အခွန်ယဉ်ကျေးမှု ထွန်းကားလာစေရန် ရေရှည်ရည်မှန်းချက်ပန်းတိုင်များ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မျှတပြီး ပွင့်လင်းမြင်သာသော၊ စွမ်းရည် လည်း ပြည့်ဝသည့် အခွန်စနစ်ဖြင့် ပြည်တွင်းအခွန်ရရှိမှု တိုးမြှင့်ရေးလုပ်ငန်းစဉ်ကို ချမှတ်ပြီး ဘဏ္ဍာငွေအရင်းအမြစ် များ တိုးမြင့်လာစေရန် ရည်ရွယ်ထားပါကြောင်း။
အခွန်စနစ်တစ်ခုတွင် ရိုးသားဖြောင့်မတ်မှန်ကန်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရန် လိုအပ် ပါကြောင်း၊ ခေတ်မမီတော့သည့် အခွန်ဥပဒေများ၊ ဟောင်းနွမ်း နေသည့် လုပ်နည်းကိုင်နည်းများ၊ လူသားအရင်းအမြစ်ဖြစ်သော အခွန်ဝန်ထမ်းများ၏ အရည်အချင်းနှင့် စိတ်ဓာတ်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲနေကြခြင်း ဖြစ်ပါကြောင်း၊ ယင်းပြုပြင်ပြောင်းလဲမှုတွင် ပူးပေါင်းပါဝင်နေကြသည့် အခွန် ထမ်းပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများသည် မြန်မာ နိုင်ငံအခွန်စနစ်အတွက် သမိုင်းတွင်ကျန်ရစ်မည်ဖြစ်သည်ကို လည်း ပြောကြားလိုပါကြောင်း။
ချီးကျူးဂုဏ်ပြုသင့်၍ ချီးကျူး
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် လုပ်ငန်း ရှင်ကြီးများသည် မိမိတို့အကျိုးအတွက် စီးပွားရှာကြသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ ပြုနေကြသည့် တာဝန်သိ၊ တာဝန်ကျေပွန်သော အခွန်ထမ်း ပုဂ်္ဂိုလ်ကြီးများ ဖြစ်ကြသည့်အတွက် နိုင်ငံတော်အနေဖြင့် ချီးကျူးဂုဏ်ပြုသင့်၍ ချီးကျူးဂုဏ်ပြုရခြင်း ဖြစ်ပါကြောင်း။
ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘ၀ မြင့်မားတိုးတက်ရေးတို့အတွက် ဗဟိုချုပ်ကိုင်မှုများကို လျှော့ချပြီး ပုဂ်္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းစီမံဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက် အခဲများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏မှန်ကန်သော အခွန်ပေးဆောင်မှုများနှင့် နိုင်ငံတော်၏ အသုံး စရိတ်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေခြင်းသည် အင်အားတစ်ရပ်ကို ဖြစ်ပေါ်စေပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ ထည့်ဝင် ထားသော အခွန်အကောက်ရရှိငွေများကို ပြည်သှူအကျိုးပြု လုပ်ငန်းများတွင် ထိထိရောက်ရောက်သုံးစွဲရေး၊ အလေအလွင့် မရှိအောင် စီမံခန့်ခွဲရေးဆိုသည့် ဦးစားပေးလုပ်ငန်းများနှင့်အညီ အကျိုးရှိအောင် စိစစ်သုံးစွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တက်ရောက်လာကြသူများအပါအ၀င် အခွန်ထမ်းပြည်သူ များအားလုံးကို နိုင်ငံတော်အစိုးရအနေဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း။
အခွန်ထမ်းလုပ်ငန်းရှင်ကြီးများနှင့်တကွ အခွန်ထမ်း ပြည်သူများအနေဖြင့် နောင်နှစ်များတွင်လည်း စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ကြပါစေ၊ ပေးဆောင်သင့် ပေးဆောင်ထိုက်သော အခွန်ငွေများကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်ပြီး နိုင်ငံတော်အကျိုး၊ မိမိအကျိုး အချိုးကျမျှတစွာသယ်ပိုးရွက်ဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားသည်။
ခုနစ်နှစ်ဆက်တိုက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်
ထို့နောက် နိုင်ငံတော်သမ်္မတက ၂၀၁၁-၂၀၁၂ စည်းကြပ် နှစ်မှ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အထိ ခုနစ်နှစ် ဆက်တိုက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် အခွန်ထမ်း ကေ်္ဘာဇ ဘဏ်လီမိတက်ဥက်္ကဋ္ဌ ဦးအောင်ကိုဝင်းအား အထူးဂုဏ်ထူး ဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ်္မတက ၂၀၁၇ -၂၀၁၈ စည်းကြပ် နှစ်အတွက် ၀င်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာကုမ်္ပဏီလုပ်ငန်းရှင်များဖြစ်ကြသည့် ကေ်္ဘာဇဘဏ် လီမိတက်မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၊ မြ၀တီဘဏ်လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးယုလွင်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အထွေထွေအုပ်ချုပ်ရေးရာ ဌာနကြီးမှူး ဦးမင်းဇော်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ်္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာရောင်းဝယ်ရေးကုမ်္ပဏီ လီမိတက်မှ Executive to Chairman ဒေါ်မြပွင့်ဖြူ၊ ဧရာဝတီဘဏ်လီမိတက်ဥက်္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ့စပျစ်နှင့် အဖျော်ယမကာကုမ်္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်၊ သမ၀ါယမဘဏ်လီမိတက်ဥက်္ကဋ္ဌ ဦးခင်မောင် အေး၊ မြ၀တီထရေးဒင်းလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးခင်မောင်စိုးနှင့် မြန်မာ့သြဘာအုပ်စု ကုမ်္ပဏီလီမိတက်မှHead of Corporate Affairs and Special Projects ဖြစ်သူ ဦးအောင်ဆွေတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်သမ်္မတက ၂၀၁၇-၂၀၁၈ စည်းကြပ် နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ ကြသော မြန်မာကုမ်္ပဏီလုပ်ငန်းရှင်များဖြစ်ကြသည့် ဒန်ကို ရောင်းဝယ်ရေးကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဝ်္ဏခိုင်၊ စီးတီးမတ်ဟိုး(လ်)ဒင်းကုမ်္ပဏီလီမိတက်မှ အမှုဆောင်အရာရှိ ချုပ် ဒေါ်ဝင်းဝင်းတင့်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာ ရောင်းဝယ်ရေးကုမ်္ပဏီလီမိတက်မှ ပူးတွဲဥက်္ကဋ္ဌ ဦးအောင်မိုး ကျော်၊ ပီတီစွမ်းအားထရေးဒင်း ကုမ်္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းဆွေ၊ အာရှစွမ်းအင်ကုမ်္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်ဝေ၊ ရွှေဗျိုင်းဖြူကုမ်္ပဏီလီမိ တက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဝင်းဇော်၊ ကျော်စံ ကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇွဲဇာနည်ကျော်၊ ဧရာဟင်္သာ ရောင်းဝယ်ရေးကုမ်္ပဏီလီမိတက်မှ ဥက်္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ပစ်္စည်းမျိုးစုံရောင်းဝယ်ရေးကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမောင်ကျေးနှင့် ဘန်ဟာထရေးဒင်းကုမ်္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်အောင်တို့အား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
အထူးကုန်စည်ခွန် အများဆုံးပေးဆောင်
ဆက်လက်၍ နိုင်ငံတော်သမ်္မတက ၂၀၁၇-၂၀၁၈ စည်းကြပ် နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ကြ သော မြန်မာကုမ်္ပဏီလုပ်ငန်းရှင်များဖြစ်ကြသည့် ဒဂုံအဖျော် ယမကာကုမ်္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမင်းတူ၊ ရွိုင်ရယ်ကလပ်ဘီးဘရေ့ခ်ျကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇော်ဝင်း၊ လင်းလက်ဝင်းရတနာကျောက်မျက်ကုမ်္ပဏီ လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းကြည်၊ ရတနာ တောင်တန်းကျောက်မျက်ကုမ်္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်နိုင်၊ ရောင်နီအရက်ချက်လုပ်ငန်းမှ စက်ရုံမှူး ဦးကျော်မင်းလွင်၊ အက်စ်အမ်အမ် ရွှေမြန်မာအဖျော်ယမကာ ကုမ်္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာဦးတင်ရွှေ၊ ဝေအောင် က်္ဘာကျောက်မျက်ကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်နွေး နွေးလှိုင်၊ ဂလုပ်တိုဘက်ကိုးကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးအောင်ကျော်ဦး၊ ကံပွင့်ဦးကျောက်မျက်ရတနာကုမ်္ပဏီမှ ဒါရိုက်တာ ဒေါ်မွှေးခရေနှင့် ဖြိုးသီဟကျော် ကျောက်မျက်ရတနာ ကုမ်္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစိန်ဝင်းတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဝင်ငွေခွန် အများဆုံးပေးဆောင်
ယင်းနောက် နိုင်ငံတော်သမ်္မတက ၂၀၁၇-၂၀၁၈ စည်းကြပ် နှစ်အတွက် ၀င်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော ပုဂ်္ဂလိကပိုင် နိုင်ငံခြားကုမ်္ပဏီများဖြစ်ကြသည့် Moattama Gas Transportation Co.,Ltd မှ General Manager ဖြစ်သူ Mr. Romaric Roignan, Telenor Myanmar Ltd မှ Chief Executive Officer ဖြစ်သူMr. Sharad Mehrota, Taninthayi Pipeline Company LLC မှ Head of Finance ဖြစ်သူ Uqba Jamshaid Iftikhar, Myanmar Brewery Ltd မှ Managing Director ဖြစ်သူMr. Hideki Mitsuhashi နှင့် KDDI Summit Global Myanmar Co.,Ltd မှ Chief Financial Officerဖြစ်သူ Mr.Junji Nakayama တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်
ထို့နောက် နိုင်ငံတော်သမ်္မတက ၂၀၁၇ -၂၀၁၈ စည်းကြပ် နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင် ခဲ့ကြသော ပုဂ်္ဂလိကပိုင်နိုင်ငံခြားကုမ်္ပဏီများ ဖြစ်ကြသည့် Telenor Myanmar Ltd rS Chief Financial Officer ဖြစ်သူ Ms. Caroline Yin Yin Htay, Ooredoo Myanmar Ltd မှ Chief Executive Officer ဖြစ်သူ Mr. Vilran Sinha, Myanmar Brewery Ltd rS Deputy Managing Director ဖြစ်သူU Soe Kyaw Thu, Shwe Li(1) Hydropower Co.,Ltd မှ စက်ရုံမှူး ဦးဇော်ဝင်းထွန်းနှင့် Virginia Tobacco Co.,Ltd မှ Chairman ဖြစ်သူ ဦးမြင့်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။
အထူးကုန်စည်ခွန် အများဆုံးပေးဆောင်
ဆက်လက်၍ နိုင်ငံတော်သမ်္မတက ၂၀၁၇-၂၀၁၈ စည်းကြပ် နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ကြ သော ပုဂ်္ဂလိကပိုင် နိုင်ငံခြားကုမ်္ပဏီများဖြစ်ကြသည့်Myan-mar Brewery LtdမှCorporate Communication Manager ဖြစ်သူ ဦးမိုးဇော်ဦး၊ Virginia Tobacco Co.,Ltd မှ Chairman ဖြစ်သူ ဦးမြင့်ဦး၊Myanmar Distillery Co.,Ltd မှ Co-Chairman ဖြစ်သူ ဦးအောင် မိုးကျော်၊Heineken Myanmar Ltd မှ Finance Director ဖြစ်သူMr. Shankar Romalingam နှင့်Myanmar Carlsberg Co.,Ltd မှ Corporate Com-munication & CSR Manager ဖြစ်သူ Daw Han Su Tin တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်သည်၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာကုမ်္ပဏီလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာ ကုမ်္ပဏီလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာကုမ်္ပဏီလုပ်ငန်းရှင် များနှင့်လည်းကောင်း၊ ၀င်ငွေခွန်အများဆုံးပေးဆောင်ခဲ့ ကြသော ပုဂ်္ဂလိကပိုင်၊ နိုင်ငံခြားကုမ်္ပဏီလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင် ခဲ့ကြသော ပုဂ်္ဂလိကပိုင်၊ နိုင်ငံခြားကုမ်္ပဏီလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့ ကြသော ပုဂ်္ဂလိကပိုင်၊ နိုင်ငံခြားကုမ်္ပဏီလုပ်ငန်းရှင်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ
ထို့နောက် နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်သည် ၂၀၁၇- ၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။
ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ချီးမြှင့်သည့် အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်းနှင့် ဦးဟန်ဇော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက်္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယ ၀န်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်းနှင့် ဦးလှကျော်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment