Friday, January 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ပညာသင်ကြား သင်ယူနေမှုများ ကြည့်ရှုအားပေး

Image may contain: 6 people, people smiling, people standing


ရန်ကုန်     ဇန်န၀ါရီ    ၂၄
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူနှင့်  တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့်   ရန်ကုန်မြို့သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်    ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည်    အဖွဲ့ဝင်များနှင့်အတူ  ယနေ့မွန်းလွဲ  ၂  နာရီ မိနစ် ၄၀  တွင်  ရန်ကုန်မြို့  ပန်းဘဲတန်းမြို့နယ်    အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့       သွားရောက်ပြီး   ကျောင်းသူများ၏ ပညာသင်ကြားသင်ယူနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်   တိုင်း ဒေသကြီးဝန်ကြီးများ၊    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာမများ၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် KGတန်းမှ    ကျောင်းသူလေးများ၏ ပညာသင်ကြားသင်ယူမှုနှင့်  ကျောင်းသူ လေးများ  ကိုယ်တိုင်ဆန်းသစ်တီထွင် ဖန်တီးထားသည့် ပန်းချီနှင့်စက်္ကူအရုပ် မျိုးစုံတို့ကို   ကြည့်ရှုအားပေးသည်။
ယင်းနောက်       နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည်    ပထမတန်း၊ သတ်္တမတန်း၊ အဋ္ဌမတန်းနှင့် န၀မတန်း စာသင်ခန်းများသို့   လှည့်လည်ကြည့်ရှု အားပေးပြီး   ကျောင်းသူလေးများ၏   လက်ရှိ ပညာသင်ကြားသင်ယူမှုအခြေ အနေများ၊   ၎င်းင်းတို့၏  ၀ါသနာနှင့်           အနာဂတ်ပန်းတိုင်   ရည်မှန်းချက်များကို ရင်းရင်းနှီးနှီး မေးမြန်းသည်။
ကျောင်းသူလေးများအား မှာကြား
ထိုသို့ လှည့်လည်ကြည့်ရှုအားပေး ရာတွင်   နိုင်ငံတော်၏   အတိုင်ပင်ခံ      ပုဂ်္ဂိုလ်က    အလွတ်ကျက်ပညာရေးထက် တတ်သိနားလည်အောင်    ကြိုးပမ်း သင်ကြားရေး၊ အားနည်းသည့် ဘာသာ ရပ်များကို    ကိုယ်ကိုယ်တိုင်သိမြင်ပြီး ပြုပြင်ကြိုးစားအားထုတ်ရေး၊  အင်္ဂလိပ် စာဘာသာရပ်ကို      ကျွမ်းကျင်စွာ တတ်မြောက်ရေး၊ ဉဏစွမ်းရည်သာမက ကာယစွမ်းရည်ပါ တိုးတက်ရေးအတွက် ကာယသင်တန်းများကို  အစုအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာ   လေ့ကျင့်ကစား နိုင်ရေး၊ အနာဂတ်တွင် တက်္ကသိုလ်ပညာ ရပ်သာမက  အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုပါ ၀ါသနာအလျောက် တက်လှမ်းနိုင်အောင် ကြိုးစားသင်ယူ ရေးတို့ကို တာဝန်ရှိသူများနှင့် ကျောင်းသူ လေးများအား မှာကြားသည်။
ပညာရှင်များနှင့် ချိတ်ဆက်   
ဆက်လက်၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ်္ဂိုလ်သည်   ကျောင်းစာကြည့် တိုက်သို့  သွားရောက်ပြီး  ဘာသာရပ် အလိုက် စာအုပ်စာပေများ စုဆောင်း ထားရှိမှုများကို     ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အဂဩရပ်နှင့်အညီ စာအုပ် များကို စနစ်တကျထားရှိရေး၊ စာကြည့် တိုက်ပညာရှင်များနှင့်  ချိတ်ဆက်၍ စနစ်တကျ ထိန်းသိမ်းထားရှိရေးတို့နှင့် စပ်လျဉ်း၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများအား မှာကြားသည်။
ဖြည့်ဆည်း ဆောင်ရွက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည်    ကျောင်းအစည်းအဝေး ခန်းမ၌ မိဘဆရာအသင်းမှ ကျောင်းသား မိဘများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာမများအား တွေ့ဆုံပြီး ကျောင်း၏လိုအပ်ချက်များကိုမေးမြန်းကာ   လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပန်းဘဲတန်းမြို့နယ်   အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သည်။ ယခင်က ခရစ်ယာန်   သာသနာပြုကျောင်းဖြစ်       ပြီး   စိန့်မေရီဒိုင်အိုစီဇင်    မိန်းကလေး အထက်တန်းကျောင်းဟု  ခေါ်သည်။ ၁၉၆၅ ခုနှစ်  ဧပြီလ ၁ ရက်နေ့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အမည်ပြောင်းလဲ သတ်မှတ်ခေါ်တွင်ခဲ့ ကြောင်း သိရသည်။ မိန်းကလေးအထက် တန်းကျောင်းဖြစ်ပြီး လက်ရှိ ကျောင်းသူ ၂၇၃ ဦး ပညာသင်ကြားလျက်ရှိသည်။ တက်္ကသိုလ်ဝင်  စာမေးပွဲအောင်ချက်         ရာခိုင်နှုန်းအနေဖြင့် ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၄၂ ဒသမ ၄၂ ရာခိုင် နှုန်း၊ ၂၀၁၇-၂၀၁၈  ပညာသင်နှစ်တွင်   ၂၉  ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။                         သတင်းစဉ် 

No comments:

Post a Comment