Sunday, January 27, 2019

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ဦးဆောင်သောအဖွဲ့ ဖိလစ်ပိုင်နိုင်ငံ သတင်းမီဒီယာနှင့် ရုပ်မြင်သံကြားအဖွဲ့အစည်းများသို့သွားရောက်လေ့လာ

Image may contain: 2 people, people sitting and indoor
မနီလာ  ဇန်န၀ါရီ   ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော် ချိန် နံနက် ၉ နာရီတွင် ကွီဇုန်မြို့ရှိ ဖိလစ်ပိုင်သတင်းအေဂျင်စီ(PNA) သို့ ရောက်ရှိပြီး သတင်းထုတ်ပြန် ဆောင်ရွက်နေမှုများကို လေ့လာရာ PNA မှ ညွှန်ကြားရေးမှူး Virgina R. Arcilla- Agtay က PNA၏ သတင်းရယူမှုဆိုင်ရာ မူဝါဒများ၊ PNA ၏   ဖွဲ့စည်းပုံနှင့်   နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ သတင်းစုဆောင်းမှု၊ တည်းဖြတ်မှု၊ ထုတ်ပြန်မှုများဆောင်ရွက်နေပုံကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဖိလစ်ပိုင် ပြန်ကြားရေး အေဂျင်စီ (Philippine Information Agency   (PIA)သို့   ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် Harold   E. Clavide နှင့်တာဝန်ရှိသူများက PIA  ၏ သတင်းပြန်ကြားရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊   အများပြည်သူသို့  ရေဒီယို၊  ရုပ်သံနှင့်  လူမှုကွန်ရက်မီဒီယာ များမှ  သတင်းအချက်အလက်  ဖြန့်ဝေ ပေးနေမှုများကို       ရှင်းလင်းတင်ပြ            သည်။
ထို့နောက်      ဖိလစ်ပိုင်ရေဒီယို(Radyo  Pilipinas)၏ စတူဒီယိုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဖိလစ်ပိုင်နိုင်ငံ      ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးJose Ruperto Martin M. Andanar နှင့် ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်တို့ သည်   ဖိလစ်ပိုင်ရေဒီယိုမှ  တိုက်ရိုက် ထုတ်လွှင့်သည့် Cabinet Report အစီအစဉ်တွင်  နှစ်နိုင်ငံပြန်ကြားရေး ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့မှုနှင့် သတင်းမီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့်    ကိစ်္စရပ်များအား ဆွေးနွေးထုတ်လွှင့်ခဲ့သည်။
ယင်းနောက်    ဖိလစ်ပိုင်ရုပ်မြင် သံကြားဌာန(PTV)   သို့ ရောက်ရှိရာ PTV  မှ အရာရှိချုပ် Ms. Alan L.Allanigue က PTV ၏ ရုပ်သံအစီအစဉ် ရိုက်ကူးထုတ်လွှင့်နေမှုများ၊ နိုင်ငံတကာ ရုပ်သံလွှင့်ဌာနများနှင့်ပူးပေါင်း၍ အစီ အစဉ်ဖလှယ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး PTV စတူဒီယိုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အား  နှစ်နိုင်ငံအကြား  မီဒီယာကဏ္ဍ            ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍  ရုပ်မြင်သံကြား အင်တာ ဗျူး ရိုက်ကူးဆောင်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စု ၀န်ကြီးသည် ဖိလစ်ပိုင် ရုပ်ရှင်နှင့် ရုပ်သံ အစီအစဉ်များ စိစစ်ရေးနှင့်အဆင့်အတန်း  သတ်မှတ်ရေးဘုတ်အဖွဲ့ (Movie and Television Review and Classif- ication Board ) (MTRCB) သို့ ရောက်ရှိရာMTRCB  မှ  အမှုဆောင် ညွှန်ကြားရေးမှူးAtty. Ann Marie L. Nemenzo  က  ရုပ်ရှင်ဇာတ်ကား များနှင့်  ရုပ်သံအစီအစဉ်များအား  စိစစ် အကဲဖြတ်၍ (Rating) ခွဲခြား သတ်မှတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊MTRCB ၏  ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို  ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က   သိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                
သတင်းစဉ်

No comments:

Post a Comment