Sunday, January 27, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၃၉) ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်များ၏ ညီလာခံဖွင့်ပွဲ အခမ်းအနား တက်ရောက်





နေပြည်တော် ဇန်န၀ါရီ ၂၆
မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ (၃၉) ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာ နိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်း အနေဖြင့် ယခုကဲ့သို့သော ညီလာခံမျိုးကို (၃၉)ကြိမ်တိုင်အောင် ကျင်းပပြုလုပ် နိုင်ခြင်းသည် အသင်း၏ စည်းလုံးညီညွတ် မှုရှိခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေး ပညာနယ်ပယ်ကို ပိုမိုတိုးတက် ဖွံ့ဖြိုး စေလိုစိတ်ရှိခြင်းကို ပြသနေပါကြောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဟူ၍ အဓိကနယ်ပယ်နှစ်ရပ်လုံးတွင် ဆက်လက် တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်ကောင်စီ အပါအ၀င် နှီးနွှယ်အသင်းအဖွဲ့များ၊ ဌာနများနှင့် လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပိုမိုကြိုးစား အားထုတ်ရမည်
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သွားနှင့် ခံတွင်း ဆိုင်ရာ ဆေးပညာနှင့် ကုသမှုနယ်ပယ် တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ မိမိတို့ နိုင်ငံအနေဖြင့်လည်း ပိုမိုကြိုးစား အားထုတ်မှုများ ပြုလုပ်ကြရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် အဖြစ်များ သော သွားနှင့်ခံတွင်းရောဂါပြဿနာ များ ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် သွားနှင့်ခံတွင်းဆိုင်ရာ ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ အပါ အ၀င် ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက် မပြတ် ဆေးပညာသင်ကြားခြင်းများ ကို ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချ ပြုလုပ်သွားနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ မျိုးဆက်သစ် သွားနှင့်ခံတွင်း ဆေးပညာရှင်များအနေ ဖြင့် ညီလာခံတက်ရောက်သူ နိုင်ငံတကာ မှ ၀ါရင့်ပညာရှင်ကြီးများထံမှ အတွေ့ အကြုံနှင့် အမြင်များ ရယူဖလှယ်နိုင်ခြင်း၊ ခေတ်မီနောက်ဆုံးပေါ် ကုထုံးများကို သိရှိနိုင်ခြင်းနှင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သဖြင့် အကျိုးထိရောက်စွာ အသုံးချစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆေးပညာလောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် ယခုညီလာခံကြီးသို့ တက်ရောက်လာကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်ကြီးများက အကြံ ပြုချက်များ ပေးကြစေလိုပါကြောင်း။
ပညာရှင်ဆန်မှု မြှင့်တင်
ပညာရှင်ဆန်မှု မြှင့်တင်ကာ စေတနာ့ဝန်ထမ်းလုပ်ငန်းများ ချဲ့ထွင်ပါ ဟူသည့် ညီလာခံ၏ ရည်ရွယ်ချက် ခေါင်းစဉ်နှင့်အညီ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြရန်ကို လည်း တိုက်တွန်းလိုပါကြောင်း၊ ၀န်ကြီး ဌာနသည် ကျောင်းကျန်းမာရေးလုပ်ငန်း များကို ဦးစားပေးသတ်မှတ်ဆောင်ရွက် လျက်ရှိရာ သွားနှင့်ခံတွင်း ဆေးပညာရှင် များအနေဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် သွားကျန်းမာရေး လုပ်ငန်းများကိုလည်း ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ၉ ဒသမ ၅ သန်း ခန့်ရှိသော ကျောင်းသား ထုကြီးသည် ကောင်းမွန်သော သွားနှင့် ခံတွင်းကျန်းမာမှုကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ညီလာခံမျိုးကို သာမက သွားနှင့်ခံတွင်း ဆေးပညာရှင် ကြီးများကို ဖိတ်ခေါ်၍ ပညာရပ်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲများ၊ ဆွေးနွေးပွဲများ၊ ပညာရှင်များ ၀ိုင်းဖွဲ့ဆွေးနွေးပွဲများကို လည်း ပြုလုပ်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ဝမ်းမြောက်ဂုဏ်ယူ
ထို့နောက် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန်အသင်း ဥက်္ကဋ္ဌ ပါမောက်္ခ ဒေါက်တာ သိန်းကြူနှင့် ညီလာခံဧည့်ခံ ကြိုဆိုရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်နှင်းအေးတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကြပြီး China Stomatological Association မှ ဥက္ကဋ္ဌ Professor Guangyan Yuက ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ခေတ်္တဩန်ကြားရေး မှူးချုပ်နှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း ဥက်္ကဋ္ဌတို့က ညီလာခံ အထိမ်းအမှတ်ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ပါဝင်တက်ရောက်
မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ (၃၉) ကြိမ်မြောက် ညီလာခံကို ဇန်န၀ါရီ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျနိုင်ငံများနှင့် ဟောင်ကောင် တို့ရှိ အမျိုးသားအဆင့် သွားနှင့်ခံတွင်း ကျန်းမာရေးအဖွဲ့များမှ ဆေးပညာရှင် များလည်း ပါဝင်တက်ရောက်ကြ သည်။ သတင်းစဉ်

No comments:

Post a Comment