Saturday, December 29, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Image may contain: one or more people

နေပြည်တော် ဒီဇင်ဘာ ၂၈


(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ( MICC-II )၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သော ဦးလှကျော်နှင့် ဒေါက်တာဒေါ်မြလေးစိန်၊ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျန်းမာရေးပိုမိုစောင့်ရှောက်
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို ၂ဝဝဝ ပြည့်နှစ်ကစတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၉)ကြိမ်မြောက်ရှိပြီ ဖြစ်ပါ ကြောင်း၊ ယခု ညီလာခံကို တိုင်းရင်းဆေးလောက ဘက်စုံအဆင့် အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည် အသွေးတိုးတက်ရေး၊ တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ် သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူများ၏ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးဝါးများ ပိုမို ကောင်းမွန်လာစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာရပ်များသည် သမိုင်းအထောက် အထားများအရ မြန်မာနိုင်ငံ၏ သမိုင်းအစဟု ဆိုရမည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများ၏ ခေတ်ကာလ များကတည်းက ရှိခဲ့သည်ကို တွေ့ရပါကြောင်း။
ရိုးရာဆေးပညာရပ်တစ်ခု
မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် တိုင်းရင်းဆေးသမား တော်ကြီးများ၊ မှူးမတ်ပညာရှိကြီးများနှင့် ကျမ်းပြုသုတေသီ ရဟန်းပညာရှင်များ၏ ပြုစုပျိုးထောင်ပေးခဲ့မှု အကျိုးကျေးဇူးများ ကြောင့် ယနေ့ထက်တိုင် တစ်မျိုးသားလုံး ဂုဏ်ယူလေးစား အားထားရသည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ကောင်းမြတ်သည့်ဂုဏ်များနှင့် ပြည့်စုံသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် ပညာရပ်တစ်ခုအဖြစ်နှင့်သော်လည်းကောင်း၊ ခေတ်အဆက် ဆက်တွင် အစွမ်းထက်သည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ်နှင့် သော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ရင်း အစွမ်းထက် တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်လာစေရန်နှင့် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရကလည်း အားပေးမြှင့်တင်လျက်ရှိသကဲ့သို့ တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အစဉ်အလာကောင်းများ
နိုင်ငံတော်အတွင်း နယ်မြေဒေသအသီးသီးတွင် ပျံ့နှံ့ ရောက်ရှိနေသည့် တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဒေသ အလိုက် သမားစဉ်အလိုက် အသင်းအဖွဲ့အလိုက် ပြန့်ကျဲတည်ရှိ နေသည့် ဆေးပညာရပ်အသွယ်သွယ်၊ ကုထုံးကုနည်းအမျိုးမျိုး၊ အစွမ်းထက်သည့် ဆေးဝါးအဖုံဖုံများနှင့် တိမ်မြုပ်ပျောက်ကွယ် နေသည့် ဆေးပညာရပ်ဆိုင်ရာ ပေပုရပိုက်နှင့် ဆေးကျမ်းများကို ပြန်လည်ဖော်ထုတ်စုစည်းနိုင်စေရန် နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံ တော်အဆင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်မပျက်ကျင်းပပြီး အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းဆေးသမားတော်ကြီးများကို နှစ်စဉ်စုစည်း တွေ့ဆုံကာ တိုင်းရင်းဆေးပညာများ နှီးနှောဖလှယ်ကြသည့် အစဉ်အလာကောင်းများသည် ယနေ့အထိ ခိုင်ခိုင်မြဲမြဲ ဖြစ်ထွန်း လာခဲ့ခြင်း ဖြစ်ပါကြောင်း။
မူဝါဒများကိုလည်း လိုက်နာကျင့်သုံး
တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့အပြင် ကျေးလက်ဒေသအဆင့်အထိ ကျန်းမာ ရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးရေးနှင့် ရောဂါ ဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း စသည့် မူဝါဒများ ကိုလည်း လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူ လူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေး ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂ဝဝ၁ ခုနှစ်ကစပြီး တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ကာ အရည် အချင်းပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ် ပေးခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် သင်ကြားပေးလျက် ရှိသည့် သင်ရိုးòန်းတမ်းများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည် ရေးဆွဲခြင်း၊ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့များ နှင့် ပူးပေါင်းကာ မြန်မာတိုင်းရင်းဆေးကဏ္ဍ တိုးတက်မြင့်မား လာအောင် ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း။
အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်း
တိုင်းရင်းဆေးပညာကုသမှုစနစ်များ၊ သုတေသနဆိုင်ရာ များနှင့် တိုင်းရင်းဆေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ပြီး ASEAN Task Force on Traditional Medicine (ATFTM) ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ BIMSTEC နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ တိုင်းရင်းဆေးအဖွဲ့တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးဝါးများ စံချိန်စံòန်းသတ်မှတ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်း များကိုလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ကာ ASEAN Traditional Medicine Health Suppliment Product Working Group ( TMHS PWG ) အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စသည့် နိုင်ငံများနှင့်လည်း တိုင်းရင်းဆေးနှင့် နှီးနွှယ်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နယကြီး (၄)ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံး နည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် နိုင်ရန် အသိÓဏ်မူပိုင်ခွင့်ကိစ္စများအတွက် Intellectual Property Right ( IPR ) ဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။
သမိုင်းအစဉ်အဆက် ပေါ်ထွန်းလာခဲ့သည့် အစွမ်းအာနိသင် ထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များကို နောင်လာ နောက်သားများအား လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လည်း မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း။
တိုင်းရင်းဆေးသုတေသနလုပ်ငန်းများတိုးမြှင့်
မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး ညီလာခံ ကြီးတွင် ညီညီညွတ်ညွတ်နှင့် လက်တွဲပူးပေါင်းပြီး နှီးနှောဖလှယ် ပွဲ၏ ရည်ရွယ်ချက်များဖြစ်သည့် ''ပြည်တွင်းတွင် ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည် အသွေး ပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်၊ တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်း အသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေး သုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်၊ ဆေးပညာ ရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်''ဆိုသည့်အချက်များကို ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ထံမှ (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် တိုင်းရင်း ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဦးဆောင်၍ အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့သည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်

No comments:

Post a Comment