Saturday, December 22, 2018

ရန်ကင်းကလေးဆေးရုံ၌ ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးအကြိုယိမ်းအကအလှ သီဆိုဖျော်ဖြေပွဲများ ကျင်းပ

Image may contain: one or more people and people standing
ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ရန်ကင်းကလေး ဆေးရုံကြီး၏ ဝန်ထမ်းမိသားစုများ၊ ဧရာဝတီဖောင်ဒေးရှင်း မှ ဝန်ထမ်းမိသားစုများ၊ ရန်ကုန်အခြေစိုက် မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်း(ယာယီ)မိသားစုများ စုပေါင်းကာ ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးအကြို ယိမ်းအကအလှ တေးသီချင်းဖျော်ဖြေတင်ဆက်မှုများဖြင့် အဆိုပါဆေးရုံကြီး ဝင်းခန်းမအတွင်း ယနေ့နံနက်ပိုင်းက ပျော်ရွှင်စွာ ကျင်းပ ခဲ့ကြသည်။
အဆိုပါနှစ်ကူးအကြို အခမ်းအနားတွင် ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်က နှစ်ကူး အကြိုနှုတ်ခွန်းဆက်စကားများ ပြောကြားကာ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း(ယာယီ)ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက နှစ်သစ်ကူးစတင်ဖြစ်ပေါ်လာခြင်းနှင့် နှစ်သစ်မှာ ပြည်သူ အများ ပျော်ရွှင်ချမ်းမြေ့ကြစေဖို့ မုဒိတာစကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ထိုနှစ်သစ်ကူးအကြို ပွဲခင်းသဘင်သို့ တက်ရောက်အားပေးချီးမြှင့်လာကြသည့် သက်ဆိုင်ရာ ဆေးရုံသူနာပြု ဆရာမလေးများနှင့် ယဉ်ကျေးမှုအသင်း မိန်းမပျိုကလေးများက ယိမ်းအကတေးသီချင်းများဖြင့် အဖွဲ့လိုက်ပျော်ပျော်ပါးပါး ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
တစ်ဆက်တည်းမှာပင် ဆေးရုံတက်ကုသနေသော ကလေးလူနာများအား နှစ်ကူးလက်ဆောင်များနှင့် စေတနာ အလျောက်အလှူရှင်များ၏ အလှူငွေများချီးမြှင့်ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး

No comments:

Post a Comment