Wednesday, December 5, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစ္စရေးသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 2 people, people smiling, people sitting, wedding and indoor
နေပြည်တော် ဒီဇင်ဘာ ၎
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးH.E. Mr. Ronen Gilor အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment