Sunday, December 23, 2018

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီလေးခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုး





Image may contain: 3 people
 နေပြည်တော် ဒီဇင်ဘာ ၂၂



လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းပါ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ များဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co.,Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltdတို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁ဝ ဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် “ဓာတ်အားစနစ် မှ ၂ မိုင်အတွင်း ကျေးရွာ ၅ဝ၈ဝ ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆိုပါ ပထမအဆင့်စာရင်းပါ ကျေးရွာ ၅ဝ၈ဝ အတွက် လိုအပ်သောထရန်စဖော်မာ၊ ကွန်ကရစ်တိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို(International Competitive Bidding – ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများ ရောက်ရှိလျက်ရှိပါကြောင်း၊ ယခုအခါ အဆိုပါ ပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်းတင်ဒါကို (National Competitive Bidding – NCB)စနစ် ဖြင့် တင်ဒါခေါ်ဆိုခဲ့ပြီး နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များ ပါဝင် မည့် တင်ဒါစိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီ များအား စာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်း လေ့လာမှုအသေးစိတ်ဆောင်ရွက်ပြီး လုပ်ငန်းများ အမြန်စတင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက် ရမည့် နိုင်ငံတော်အဆင့်လုပ်ငန်းဖြစ်ပါ၍ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန်အတိုင်း ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးနှင့် အရည်အသွေးကောင်းမွန်စေရေး အလေး ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီလေးခုတို့၏ မန်နေဂျင်းဒါရိုက်တာ များက လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များ အပြန်အလှန်လဲလှယ်ကြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်(National Electrifi-cation Plan – NEP)၏ စီမံချက် ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁ဝ ကို ရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အတွင်းရှိ ကျေးရွာ ၅ဝ၈ဝ ကို ဆောင်ရွက်လျက်ရှိကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅ဝ၈ဝ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည် ဖြစ်သည်။ ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တည်ဆောက်ရေးတင်ဒါ ၁၂ ခုကို ခေါ်ဆိုခဲ့ရာ ယခုစာချုပ်ချုပ်ဆို ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၄၈၂ ရွာကို ဓာတ်အား ရရှိနိုင်ရေးအတွက် ပထမဦးဆုံးချုပ်ဆိုသည့် စာချုပ်ဖြစ်ပြီး ၄င်းစီမံကိန်းပြီးစီးသွားပါက မီးလင်းနိုင်မည့် အိမ်ထောင်စု အရေအတွက်မှာ ၅၂၂၄၇ စုဖြစ်ကာ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ လတွင် စီမံကိန်းလုပ်ငန်းများပြီးစီးမည်ဖြစ်ပြီး စီမံကိန်းပြီးစီး ပါက ကျန်တင်ဒါများအားလုံးကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် ကမ္ဘာ့ဘဏ်၏လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment