Saturday, December 1, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံ

Image may contain: 2 people, people standing and child
ကတ္တမန္ဒူး နိုဝင်ဘာ ၃ဝ
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ ကွန်ဂရက်ပါတီဥက္ကဋ္ဌ တို့နှင့် သီးခြားစီတွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ကတ္တမန္ဒူးမြို့ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲ ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ပိုမိုထိတွေ့ဆက်ဆံရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်မှတ်ရေးထိုး
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီနှင့် ကတ္တမန္ဒူးမြို့ရှိ Hotel Annapurna ၌ သီးသန့် တွေ့ဆုံသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာအိုလီတို့သည် Hotel Annapurna ၌ ကျင်းပသည့် မြန်မာ-နီပေါ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
လာရောက်လည်ပတ်ရေး ဖိတ်ကြား
နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် များ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နီပေါနိုင်ငံဝန်ကြီးချုပ်အနေ ဖြင့် နှစ်ဖက်အဆင်ပြေမည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် နိုင်ရေး ဖိတ်ကြားခဲ့သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
စာချွန်လွှာ လက်မှတ်ရေးထိုး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာအိုလီတို့သည် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်တို့ ရှေ့မှောက်၌ ''မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို'' အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawaliတို့က လက်မှတ် ရေးထိုကြပြီး အပြန်အလှန် လဲလှယ် ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အဖွဲ့ဝင်များနှင့်အတူ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ကHotel Annapurna ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက် ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ Mr. Sher Bahadur Deubaက Soaltee Crowne Plaza Hotel ၌ လာရောက် တွေ့ဆုံသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ Soaltee Crowne Plaza Hotel Ballroom ၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်လာသည့် နိုင်ငံ့အကြီး အကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ အား ကြိုဆိုဂုဏ်ပြုသည့် ညစာစားပွဲ သို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment