Tuesday, December 25, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းကျောင်းများနှင့် ချင်းပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး





 နေပြည်တော် ဒီဇင်ဘာ ၂၄


 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့သည် ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု အသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်မှ သင်တန်း ကျောင်းဆိုင်ရာ ကိစ္စရပ်များအား တင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက် နေသော သင်တန်းသူများ၏ သင်တန်း ချုပ်လုပ်နေမှုများအား ကြည့်ရှုအားပေး ၍ သင်တန်းသူအိပ်ဆောင်နှင့် စားရိပ်သာ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပြုစု လေ့ကျင့် သင်ကြားပေးလျက်ရှိသော ကလေးမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်း အုပ်ကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ အဓိက ရည်မှန်းချက်ဖြစ်သည့်ဒေသ၊ ပြည်နယ်၊ နိုင်ငံတော်အတွက် အားကိုးအားထား ပြုရမည့်သူများဖြစ်စေရန်၊ စည်းကမ်းနှင့် အချိန်ကို တန်ဖိုးထားတတ်စေရန်၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်စေရန်၊ ကျန်းမာသန်စွမ်း ဖျတ်လတ်အောင် ပြုမူနေထိုင်စေရေးတို့အပြင် ဘဝ၏တိုးတက်မှု၊ ရင့်ကျက်မှု၊ အတွေးအမြင် ကျယ်ပြန့်စွာ သိရှိနားလည် ဆုံးဖြတ်နိုင် စွမ်းရှိစေရေးအတွက် မဖြစ်မနေ စာဖတ် ခြင်း အလေ့အကျင့်ကောင်းများကို လေ့ကျင့်ကြိုးစား ကျင့်ကြံကြရန်နှင့် ပြုစုပျိုးထောင်ပေးကြရန် မှာကြားခဲ့ပြီး ကျောင်းသား ကျောင်းသူ အိမ်ဆောင် များ၊ စားရိပ်သာများ ကြည့်ရှုစစ်ဆေး ခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် အတူ နေ့လယ်စာအတူ စားသုံးခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဖောက် လုပ်ပေးခဲ့သော ခိုင်ကမ်း - ပိန်းပိ - တွီး စောက်-ဒေါ်လွင် မြေသားလမ်း (၂၈၊ ဝ)မိုင်အနက် (၂၊ ဝ)မိုင် ကွန်ကရစ်လမ်းခင်း ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ကလေးမြို့မှ ခိုင်ကမ်း- ပိန်းပိ- တွီးစောက်-ဒေါ်လွင် ကျေးရွာတို့ကိုဖြတ်၍ တီးတိန်မြို့သို့ ဆက်သွယ်ပေးမည့် လမ်းကြောင်းဖြစ်ပြီး ယခင်လမ်းဟောင်းထက် မိုင်(၂ဝ၊ ဝ)ခန့် လျော့နည်းပြီး အချိန်သက်သာစွာ သွား လာနိုင်မည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment