Wednesday, December 26, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ တက်ရောက်





Image may contain: 10 people, people smiling, people sitting, table and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၅


 

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။
မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်နှင့် ¤င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သိက္ခာ တော်ရဆရာတော်များနှင့် အထူး ဖိတ်ကြားထားသော ဧည့်သည်တော် များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည် နှင့် မိသားစုက ကြိုဆိုနှုတ်ဆက်ကြပြီး ခရစ္စမတ် နှုတ်ခွန်းဆက်စကားများ ပြောကြားကာ ဆုမွန်ကောင်းများတောင်းပေးကြသည်။
နံနက်စာသုံးဆောင်
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသူများသည် ခရစ် တော်မွေးနေ့ မိတ်သဟာယ နံနက်စာကို အတူတကွ သုံးဆောင်သည်။
စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်
မိတ်ဆုံစားပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်သည်။
နံနက် ၇ နာရီက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်း ခြင်း အခမ်းအနားတွင် သိက္ခာတော်ရ ဆရာများက ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ သမ္မာ ကျမ်းစာဖတ်ကြားခြင်း၊ ခရစ္စမတ် ဒေသနာတော် ဟောကြားခြင်းနှင့် စုပေါင်း၍ ဓမ္မတေးများ သီဆိုချီးမွမ်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment