Wednesday, December 5, 2018

ပြင်သစ်နိုင်ငံတွင် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မည်

Image may contain: 3 people, people smiling, people standing and outdoor

ပါရီ ဒီဇင်ဘာ ၅
ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်အနေဖြင့် လာမည့်လတွင် စတင်မည့် လောင်စာဆီအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်အား ဆိုင်းငံ့ထားမည်ဟုထုတ်ပြန်ကြေညာရန် မျှော်လင့်ရကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။
လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင် ဆန့်ကျင်ဆန္ဒပြ မှုများ မကြာသေးမီက ဖြစ်ပေါ်လာပြီးနောက် ယင်းအစီအစဉ်အား ဆိုင်းငံ့ထားရန် လုပ်ဆောင်မှုများ ပြုလုပ် လာခြင်းဖြစ်သည်။
ပြင်သစ်အစိုးရက လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို ဆိုင်းငံ့ထားမည်ဟု ဒီဇင်ဘာာ ၄ ရက် နံနက်ပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း ပြင်သစ်သတင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ပြင်သစ်ဝန်ကြီး ချုပ်သည် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအစီအစဉ်အား ဆိုင်းငံ့သည့် တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်းမပြုမီတွင် အာဏာရပါတီမှဥပဒေပြုလွှတ်တော်အမတ်များနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ၄င်းသည် နိုင်ငံရေးပါတီများမှခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး လတ်တလော အခြေအနေအား အဖြေရှာရေး နည်းလမ်းများကို စူးစမ်း ရှာဖွေခဲ့ပြီးဖြစ်သည်။
မြို့တော်ပါရီတွင် ဒီဇင်ဘာ ၁ ရက်က ဆန္ဒပြသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၃ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရွန်က ၄င်း၏ မူဝါဒများထဲတွင် ထိပ်တန်းဦးစားပေးမှုတစ်ခုဖြစ်သည့်ကမ္ဘာမြေပူနွေးလာမှုဖြစ်စဉ်အား ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ
ပြင်သစ်နိုင်ငံတွင် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်
အစီအစဉ်ဆိုင်းငံ့မည်
-==========================================

No comments:

Post a Comment