Thursday, December 27, 2018

၅ဝဝ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) မဟာဓာတ်အား လိုင်းကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်လက်မှတ်ရေးထိုး





Image may contain: 5 people, people standing
 နေပြည်တော် ဒီဇင်ဘာ ၂၆



လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1) ၊ SEPCO Electric Power Construction Corporation (For Lot-2) တို့အကြား ၅ဝဝ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) မဟာ ဓာတ်အားလိုင်းကြိုးဆွဲလုပ်ငန်း အပ်နှံခြင်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့် မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည် ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် ဓာတ်အားကို လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ နိုင်ငံ မြောက်ပိုင်းရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသော ဓာတ်အားနှင့် တည်ဆောက်မည့် ဓာတ်အားပေးစက်ရုံများမှရရှိလာမည့် ဓာတ်အားများကို ဓာတ်အားသုံးစွဲသူအများအပြားရှိရာ မြန်မာနိုင်ငံအလယ်ပိုင်း နှင့် တောင်ပိုင်းသို့ ပို့လွှတ်ပေးရာ၌ လက်ရှိအခြေအနေတွင် ၂၃ဝ ကေဗွီဗို့အားအဆင့်ဖြင့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး နေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားခြင်း၊ ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်းအပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ယခု ၅ဝဝ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းကို ၂ဝ၁၄ ခုနှစ်မှစတင်ကာ အကောင်အထည် ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်း အူကြောင်းရှာဖွေတိုင်းတာခြင်းကိုAF Consultant ၏အကြံပြုချက်များနှင့်အညီ ဌာနမှဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကုမ္ပဏီ များအနေနှင့် သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ဖြင့် ပြီးစီးအောင် အထူးအလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခု ၅ဝဝ ကေဗွီဓာတ်အား လိုင်းသည် မြန်မာနိုင်ငံ ဓာတ်အားစနစ်အတွက် အရေးပါသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၅ဝဝ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်း တစ်ခုဖြစ်သည့်အပြင် ဓာတ်အားလိုင်းပြီးစီးပါက ပြည်သူများကို ဓာတ်အားပျောက်ဆုံးမှုနည်းပါးစွာဖြင့် ဓာတ်အားပိုမိုဖြန့်ဖြူး ပေးလာနိုင်မည်ဖြစ်ခြင်း၊ ဓာတ်အားစနစ်ပြတ်တောက်မှု(System Breakdown) ဖြစ်ပွားမှုအကြိမ်ရေ လျော့နည်း စေပြီး ဓာတ်အားစနစ် တည်ငြိမ်မှု ပိုမိုရရှိလာမည်ဖြစ်ခြင်း တို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် hina Energy Engineering Group Hunan Electric Power Design Institute Co.,Ltd (CEEC)နှင့် SEPCO Electric Power Construction Corporation (SEPCO) တို့မှ တာဝန်ရှိသူများက ကြိုးဆွဲလုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆောင်ရွက် မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (CEEC)မှ Project Manager ၊SEPCO Electric Power Construction Corporation (SEPCO)မှ Director တို့က လုပ်ငန်းအပ်နှံမှု သဘောတူ စာချုပ်များပေါ်တွင် လက်မှတ်ရေးထိုးကာ အပြန် အလှန် လဲလှယ်ကြသည်။
သတင်းစဉ်

No comments:

Post a Comment